စုန်းထုတ်တဲ့ည

စေတန်(နတ်ဆိုး)

200 Kyats ကျပ်
တောရွာတွေမှာ တောထဲသွား မှိုရှာ၊ သစ်ခုတ်လုပ်ရင် သတိထားရတယ်။ မှားလို့မရဘူး။ မှားတာနဲ့ မကောင်းဆိုးရွားဝင်စီးတာတွေ၊ ခြောက်လှန့်တာတွေ၊ ပြုစားတာတွေ ခံရတတ်တယ်။ အခုလည်း ညောင်သာရွာက မညိုက တောထဲမှိုရှာပြီး ပြန်လာချိန် စုန်းပြုစားတာခံလိုက်ရတယ်။ အဲဒီတော့ သူ့ယောက်ျားတုတ်ကြီးလည်း ရွာထဲက ပယောဂဆရာလိုလိုလူကို သွားပင့်တာပေါ့။ ပြုစားတဲ့စုန်းကလည်း ဝမ်းတွင်းစုန်း၊ ပညာကလည်းမြင့်၊ တုတ်ကြီးခေါ်လာတဲ့ ပယောဂဆရာကလည်း အတု။ ဒီလိုနဲ့ တုတ်ကြီးနဲ့ ပယောဂဆရာနှစ်ယောက်ပေါင်းပြီး မညိုကိုပြုစားထားတဲ့ စုန်းကိုဝိုင်းဆုံးမကြတာ ကြောက်ဖို့လည်းကောင်း၊ ရယ်လည်းရယ်ရနဲ့ပါ။ ဒါကြောင့် စာဖတ်သူတို့ စိတ်အမောတွေပြေစေဖို့ တင်ဆက်လိုက်ပါတယ်ဗျ။