အချစ်က လန့်တယ်

ခေတ်သွေး

600 Kyats ကျပ်
ဒီဝတ္ထုက ဖြစ်ရပ်မှန် ဇာတ်လမ်းကို ကာယကံရှင်တို့ရဲ့ ခွင့်ပြုချက်နဲ့ ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ သိပ်ကို စိတ်မြန်လက်မြန်ရှိတဲ့ ‘ပီတိ’ ဆိုတဲ့ ကောင်မလေးက မိန်းကလေး ဖြစ်ပေမဲ့ ယောက်ျားလေးတွေနဲ့ ယှဉ်ပြီး နေတဲ့သူ။ ကျောင်းစ,စအပ်ချင်းမှာ ပီတိနဲ့ ပြဿနာတက်တဲ့ ကောင်လေးက အနေအထိုင် အေးဆေးတည်ငြိမ်တဲ့ သူ ‘မောင်မျိုးဆက်’ တဲ့။ ဒါနဲ့၊ ပီတိမှာ ငယ်ပေါင်းကြီးဖော် ‘ဇော်ထက်’ ဆိုတဲ့ ယောက်ျားလေး သူငယ်ချင်းတစ်ယောက် ရှိသေးတယ်။ ကဲ၊ သုံးပွင့်ဆိုင် ဇာတ်လမ်းလို့ ထင်စရာပဲနော်။ ဒါပေမဲ့ … ဖတ်ကြည့်လိုက်ပါ။ တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးမို့ပါ။