လွယ်ကူလေ့လာ အခြေခံ Hacking နည်းပညာ

ခေတ်မင်းညို

အခမဲ့
နည်းပညာခေတ်ကြီးထဲမှာ Hacking ဆိုတဲ့ စကားလုံးကတော့ တွင်တွင်ကျယ်ကျယ် ကြားသိနေရတဲ့ ဝေါဟာရတစ်ခု ဖြစ်နေပါပြီ။ ဒီစာအုပ်ကတော့ ဒီနိုင်ငံမှာ မကြာခင် လိုအပ်ချက်တစ်ခု ဖြစ်လာမယ့် Cyber Security ပိုင်းဆိုင်ရာအတွက် အထောက်အပံ့ရရှိစေဖို့ Penetration Tester အဖြစ် ဝါသနာအလျောက် လုပ်ဆောင်စမ်းသပ်လိုတဲ့ နည်းပညာ စိတ်ဝင်စားသူတွေအတွက် ရည်ရွယ်ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ပါဝင်တဲ့ Hacking နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ အခြေခံနည်းပညာတွေဟာ သင်ယူလေ့လာဖို့သာ ဖြစ်ကြောင်း စာရေးသူ ခေတ်မင်းညိုက ဆိုထားပါတယ်။ ဒီစာအုပ်မျိုးက များများစားစား ညွှန်းဆိုနေစရာ မလိုဘဲ ကိုယ်တိုင် လေ့လာဖတ်ရှုမှသာ သဘောပေါက်နားလည်နိုင်မယ့် အမျိုးအစားဖြစ်တာကြောင့် ဒီလောက်ပဲ အကြမ်းဖျဉ်း မိတ်ဆက်လိုက်ပါရစေခင်ဗျ။