Hacking ဒုတိယတန်း

ခေတ်မင်းညို

2000 Kyats ကျပ်
ဆိုက်ဘာလုံခြုံရေးကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ရည်ရွယ်ပြီး ရေးသားထားတဲ့၊ ခေတ်မင်းညိုရဲ့ ဒုတိယမြောက်စာအုပ် ဖြစ်ပါတယ်။ ခုစာအုပ်မှာ Hacking ပိုင်းနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် ပိုသိနိုင်ဖို့အတွက် မသိမဖြစ် သိထားရမယ့် သီအိုရီတွေကို ထည့်သွင်း ရှင်းပြထားပါတယ်။ လုံခြုံရေး အားနည်းချက်တွေကို စမ်းသပ်ရှာဖွေ လေ့ကျင့်တဲ့အခါ အန္တရာယ်ကင်းစွာ လေ့ကျင်နိုင်စေဖို့အတွက် Virtual Lab တွေ တည်ဆောက်ခြင်းရယ်၊ Metasploitable 2 နဲ့ DVWA (Damn Vulnerable Web App) တို့လို Virtual Machine နဲ့ Web App တွေကို Install လုပ်ပြီး လုံခြုံရေးအားနည်းချက်တွေကို ဘယ်လို ရှာဖွေရသလဲ ဆိုတာတွေကိုပါ လေ့လာနိုင်မှာပါ။ ဒီစာအုပ်ဟာ ဆိုင်ဘာလုံခြုံရေး အားနည်းချက်တွေကို ရှာဖွေတွေ့ရှိဖို့ အထောက်အကူပြုတာတင် မဟုတ်ဘဲ Web Developer တွေ၊ Web Administrator တွေ၊ Network Administrator တွေအတွက်လည်း မိမိတို့ရဲ့ စနစ်တွေ၊ Application တွေကို ကာကွယ်နိုင်ဖို့ အများကြီး အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်ခင်ဗျ။