အပြာရောင် ဒိုင်ယာရီ

ခေတ်ပျိုဖြူ

600 Kyats ကျပ်
‘အပြာရောင်ဒိုင်ယာရီ’ ဟာ လူအချို့ ဒိုင်ယာရီရေးဖွဲ့ကြသလိုပဲ ကနဦးစာမျက်နှာတွေမှာ ဘဝရဲ့ ပျော်ရွှင်စရာ အဖြစ် လေးတွေနဲ့ ပြည့်နှက်နေတဲ့ ဇာတ်ကြောင်းလေးပါ။ မဂ္ဂဇင်းတစ်စောင်ထဲမှာ သူ့ဓာတ်ပုံ၊ ကိုယ့်ဓာတ်ပုံ အသီးသီး ပါရှိရာကနေ စတင်ဆုံတွေ့ခဲ့ကြတဲ့ ဆယ်ကျော်သက်လူငယ်နှစ်ဦးရဲ့ အချစ်ကို ထိတွေ့မိကြပုံက ကြည်နူးစရာကောင်းလှပါတယ်။ ဒီဇာတ်လမ်းရဲ့ ပုံကြမ်းကို ဆိုရရင်တော့ မဂ္ဂဇင်းစာမျက်နှာကနေတစ်ဆင့် အချင်းချင်း ရင်းနှီးသွားကြပြီး ကောင်မလေးရှိရာကို အရောက်လှမ်းလာခဲ့တဲ့ ကောင်လေးတစ်ယောက်။ စတင်ကာစမှာတော့ ဆယ်ကျော်သက်သဘာဝ ဖြူစင်တဲ့ သူငယ်ချင်းခင်မင်မှုနဲ့ မခွဲတတွဲတွဲနေထိုင်ရင်း အချစ်စိတ်တို့ ပျိုးခဲ့မိကြတာပေါ့။ ဒီလိုနဲ့ တစ်ယောက်နဲ့ တစ်ယောက် အရူးအမူး ချစ်ခင်မိကြတဲ့ အချိန်မှာတော့ ကောင်လေးရဲ့ ခေါ်ရာနောက်ကို ကောက်ကောက်ပါအောင် လိုက်ဖို့ ကောင်မလေး က ဆုံးဖြတ်ခဲ့ပါတော့တယ်။ အဲ့ဒီကစလို့ ဆွတ်ပျံ့ကြည်နူးဖွယ် ဒိုင်ယာရီစာမျက်နှာတွေဟာ ဘယ်လို ကံကြမ္မာအချိုးအကွေ့နဲ့ ကြုံတွေ့ရတယ်ဆိုတာ စိတ်ကူးယဉ် အချစ်ဇာတ်လမ်းတွေကို စွဲလမ်းနှစ်ခြိုက်တဲ့ စာဖတ်သူများအတွက် စွဲမက်ဖွယ်ကောင်းပါလိမ့်မယ်။