အလင်းမဲ့ကမ္ဘာမှာ ရေးတဲ့ပန်းချီ

ခေတ်ပျိုဖြူ

600 Kyats ကျပ်
ဆရာမခေတ်ပျိုဖြူရဲ့ ခပ်ဆန်းဆန်း အချစ်ဇာတ်လမ်းတစ်ပုဒ်။ သမားရိုးကျ အချစ်ဇာတ်လမ်းတွေထဲက ခွဲထွက်ပြီး အသစ်အဆန်း ခံစားမှုတွေကိုမှ ဖတ်ချင်ရင်တော့ ဒီစာအုပ်လေးက မိတ်ဆွေရဲ့ အာသီသကို ပြည့်ပြည့်ဝဝ ဖြည့်စွမ်းပေးနိုင်မှာပါ။ ဇာတ်လမ်းလေးကို နည်းနည်း မိတ်ဆက်ပေးမယ်နော်။ မြို့ကလေးတစ်မြို့။ အဲဒီမြို့ကလေးမှာ သုံးရက်တစ်ခါထွက်တဲ့ စာစောင်တစ်စောင် ရှိတယ်။ အဲဒီစာစောင်မှာ မြို့နေလူထုရဲ့ စီးပွားရေး အရောင်းအဝယ်ကိစ္စ၊ ကြော်ငြာကိစ္စ၊ မြို့တွင်း ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို ရေးသားထားတယ်။ ဒီစာစောင်ကို ဖတ်တာနဲ့ မြို့ရဲ့ လက်ရှိအခြေအနေကို သိနိုင်တယ်။ အဲဒီမြို့ကလေးမှာ ခက်ဟေဝန်နဲ့ မြိုင်တန်းဆိုတဲ့ မောင်နှမနှစ်ယောက်လည်း နေထိုင်ကြတယ်။ တစ်ညမှာတော့ ခက်ဟေဝန်အိပ်နေတဲ့ ကုတင်ပေါ်ကို ယောက်ျားတစ်ယောက် ခပ်တည်တည်နဲ့ လာဝင်အိပ်တယ်။ ခက်ဟေဝန် အော်ဟစ်လိုက်တဲ့အခါ ခပ်တည်တည်ပဲ ပြန်ထွက်သွားတယ်။ တံခါးကို ထကြည့်တဲ့အခါမှာတော့ တံခါးက ဂျပ်ထိုးထားလျက်သား။ ဒါဟာ ဘယ်လို ဆန်းကြယ်မှုလဲ၊ ဘာကြောင့်လဲ၊ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲ ဆိုတာကိုတော့...