အပ်ိဳေရာင္ည

ခေတ်ပျိုဖြူ

600 Kyats ကျပ်
ခေတ်ပျိုဖြူရဲ့ ဒီဝတ္ထုဟာ စိတ်ဝင်စားစရာ ဇာတ်လမ်းမြုပ်ကွက်တွေနဲ့ ဖန်တီးထားတဲ့ ဆန်းကြယ်တဲ့ မေတ္တာဘွဲ့ ဇာတ်လမ်းလေးတစ်ပုဒ်လို့ အရင်ဆုံး ပြောပါရစေ။ မိခင်ဖြစ်သူနဲ့ မခွဲခွာချင်ပဲ ခွဲခွာခဲ့ရတဲ့ ကလေးငယ်လေးတစ်ဦး။ လူလား မြောက်ချိန်မှာ မွေးဖွားရာဇာတိက မိခင်ထံ အပြေးအလွှားပြန်လာခဲ့ပေမယ့် မိခင်ရဲ့ ရင်ခွင်ဟာ သူ့အတွက် ပျောက်ဆုံးနေတဲ့ အဓိပ္ပါယ်မဲ့ အရာတစ်ခု။ ဒီအဖြစ်ကို ဇာတ်အိမ်တည်ပြီး ရေးဖွဲ့ထားပေမယ့် ရိုးရိုးရှင်းရှင်း မဟုတ်ဘဲ လပြည့်ညတိုင်း အပျိုစင်မိန်းကလေးတစ်ဦး ပျောက်ဆုံးသွားရတဲ့ မြို့ကလေးကအဖြစ်အပျက်။ မိရိုးဖလာ အစွဲအလမ်းတွေနဲ့ ရောယှက်ထားတဲ့ ဇာတ်ကွက်ဆန်းဆန်းတွေ။ ဒါတွေဟာ ဒီဝတ္ထုမှာ ရှေ့ဆက်ပြီး ဘာတွေများ ဆက်ဖြစ်မလဲဆိုတဲ့ ဆွဲဆောင်အားတွေနဲ့ စာဖတ်သူတို့ကို ညို့ငင်ထားပါတယ်။ အမေပျောက်ကို လိုက်လို့ရှာရင်းက မိခင်ဖြစ်သူဟာ သူငယ်စဉ်ကတည်း ပတ်ဝန်းကျင်က ပြောနေကြသလို စုန်းမတစ ယောက်များ ဖြစ်နေမလား။ မေတ္တာငတ်မွတ်နေတဲ့ လူတစ်ယောက်အတွက် ဘယ်လိုမေတ္တာရေစင်တွေများ ဖြန်းပက်ပေးလာမလဲ စတာတွေကို ဒီဝတ္ထုမှာ စာဖတ်သူတို့ စူးစူးနင့်နင့် စိတ်ဝင်စားဖွယ် ဖတ်ရှုရပါလိမ့်မယ်။