မျက်ရည်များဖြင့် သီကုံးသော အတ္ထုပ္ပတ္တိ

ခေတ်ပျိုဖြူ

600 Kyats ကျပ်
မိုးခြိမ်းသံကြားတာနဲ့ နေညိုတစ်ယောက် ဂနာမငြိမ်တော့ပေ။ ဝမ်းနည်းသလိုလို၊ စိတ်ပူသလိုလိုနဲ့ နောက်ဆုံးတော့ 'သူက မိုးခြိမ်းရင် အရမ်းကြောက်တတ်တာဗျ' ဆိုတဲ့ စကားလုံးတချို့ နေညို့ပါးစပ်ဖျားက အံကျလာပါတယ်။ သူမအနားကို နေညိုတစ်ယောက် အပြေးလေးသွားပြီး ကာကွယ်ပေးမိချင်တယ်။ ဒါပေမဲ့ နေညိုတစ်ယောက် မစွမ်းဆောင်နိုင်ပေ။ စိတ်ကျန်းမာရေးဆေးရုံက ဝန်ထမ်းတွေက နေညိုကိုဝိုင်းချုပ်ပြီး အိပ်ဆေးထိုးပေးလိုက်တာကြောင့်ပင်။ ဆရာဝန်တွေကလည်း နေညိုရဲ့ စိတ်ရောဂါအရင်းအမြစ်ကိုမသိ။ ဒါကြောင့် နေညိုရဲ့သူငယ်ချင်းကို ခေါ်မေးတဲ့အခါမှာတော့ ပြန်မပြောပြချင်တဲ့ အတိတ်အကြောင်းတွေကို ပြန်တွေးမျှော်ပြီး 'နေညိုနေညို... အခုထိ မိုးတွေရွာရင် မင်းငိုနေရတုန်းပဲလား သူငယ်ချင်းရယ်' ဆိုပြီးတိုးတိုးလေး ရေရွတ်လိုက်ပါတယ်။ စိတ်ကျန်းမာရေးချို့တဲ့သွားရှာတဲ့ နေညို၊ မိုးခြိမ်းရင်ကြောက်တတ်ရှာတဲ့ သူမတို့ရဲ့ အတိတ်က ဇာတ်ကြောင်းတွေကို ဝမ်းနည်းဆွေးမြည့်ဖွယ်ရာကောင်းစွာနဲ့ ဒီစာအုပ်ထဲမှာဖတ်ရမှာပဲဖြစ်ပါတယ်။