ကျောင်းသားများအတွက် Essay Letter Writing

ကျော်မြင့်အေး

600 Kyats ကျပ်
အလယ်တန်း၊ အထက်တန်းကနေ တက္ကသိုလ်အဆင့်အထိ ဘယ်ကျောင်းသားမဆို လေ့လာနိုင်မယ့် Essay နဲ့ Letter ရေးသားနည်း စာအုပ်ကောင်းလေး တစ်အုပ်။ Essay နဲ့ Letter ရေးသားရာမှာ အခက်အခဲဖြစ်နေသူတွေအတွက် ဒီစာအုပ်က အများကြီး အထောက်အကူပေးနိုင်မှာ ဖြစ်ပါတယ်။ အမှန်တော့ Essay & Letter ဆိုတာ ကိုယ်တိုင်တွေး၊ ကိုယ်တိုင်ရေးရမယ့် စာအရေးအသားတွေပဲ ဖြစ်လို့ သူတစ်ပါး ရေးပြီးသားကို အလွတ်ကျက်ဖြေရတာမျိုး မဟုတ်ပါဘူး။ ဒီစာအုပ်မှာ ရေးသားဖော်ပြထားတဲ့ Essay နဲ့ Letter နမူနာ အရေးအသားတွေက အလွတ်ကျက်ဖို့ထက် ဘယ်လို ရေးသားရသလဲ ဆိုတာကို လေ့လာဖို့၊ အတူယူဖို့၊ နည်းနာယူ လေ့ကျင့်ဖို့ ဥပမာပေး ရေးပြထားတာတွေပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်တွေးပြီး ကိုယ်တိုင်ရေးနိုင်ဖို့အတွက် လွယ်ကူရှင်းလင်းတဲ့ အရေးအသားနဲ့ ရေးသားဖို့ တွေးခေါ်ပုံတွေ၊ တင်ပြပုံတွေကို လေ့လာနိုင်မှာ ဖြစ်သလို ကျောင်းသူကျောင်းသားတွေအတွက် စာမေးပွဲအတွက်ရော၊ အင်္ဂလိပ်စာ အရေးအသား တိုးတက်စေဖို့အတွက်ပါ အထောက်အကူပြုနိုင်မှာပါ။