၂၁ရာစုတစ်လွှား လူသားအကျိုးပြု၍ ချမ်းသာကြွယ်ဝလာသူများ

ကျော်ကျော်လှိုင်

600 Kyats ကျပ်
ဒီစာအုပ်မှာ စီးပွားရေးနယ်ပယ်၊ ရုပ်ရှင်လောက၊ တေးဂီတလောက၊ ရုပ်သံအစီအစဉ်၊ ကွန်ပျူတာ စတဲ့ နယ်ပယ်အသီးသီးက ထင်ရှားကျော်ကြားတဲ့ လူပုဂ္ဂိုလ် (၁၄) ဦးအကြောင်းကို ရေးသားထုတ်ဖော်ထားပါတယ်။ ငယ်ဘဝက စတင်ပြီး အောင်မြင်လာတဲ့ အချိန်အထိ တစ်ဦးချင်းစီရဲ့ ဘဝဖြစ်စဉ်တွေ၊ အောင်မြင်မှု ခရီးစဉ်တွေ၊ လူသားအကျိုးပြု လုပ်ငန်းတွေ လုပ်ဆောင်ပုံတွေကို ရေးသားထားသလို တစ်ဦးချင်းစီရဲ့ တစ်ခန်းချင်းစီတိုင်းမှာ သူတို့ဆီက အတုယူစရာတွေကိုလည်း ထုတ်နှုတ်ပြထားပါတယ်။ တစ်ယောက်ချင်းစီရဲ့ ဘဝအဖြစ်အပျက် အသေးစိတ်ကို မဖတ်နိုင်ရင်တောင်မှ၊ ဖတ်ဖို့ အချိန်မရခဲ့ရင်တောင်မှ ကောက်နှုတ်ချက်တွေတော့ ဖတ်ကြည့်စေချင်ပါတယ်။ သင်တို့ ဘဝအတွက် အကျိုးရှိစေမယ့် ကောက်နှုတ်ချက်တွေမို့ လက်မလွှတ်စေချင်ပါဘူးခင်ဗျ။