ဘဝတိုးတက်အောင်မြင်ရေး မေးခွန်းများ - ၁

ကျော်ကျော်လှိုင်

1000 Kyats ကျပ်
ရွှေ FM မှာ ပြုလုပ်တဲ့ ‘ပျော်ရွှင်တိုးတက်အောင်မြင်ရေး ရွှေတို့အမေး’ အစီအစဉ်ကနေ ထုတ်လွှင့်ခဲ့တဲ့ မေးမြန်းဆွေးကြားမှု ကဏ္ဍကို အပြည့်အစုံ သိရှိ ဖတ်ရှုနိုင်ဖို့ စာအုပ်အဖြစ် ပြန်လည် ထုတ်ဝေထားတာပဲ ဖြစ်ပါတယ်။ ရွှေ FM ပရိသတ်အများစုမှာ ကျေးလက်ဒေသနေ ပြည်သူများပါပဲ။ ဒီစာအုပ်ထဲမှာ ဆရာကြီး ဦးကျော်ကျော်လှိုင်က အဆိုပါ ပြည်သူများနဲ့ စာချင်းဆက်သွယ်ပြီး ပြုလုပ်ခဲ့တဲ့ မေးမြန်းဆွေးနွေးမှု၊ ရွှေ FM သောတရှင်တွေနဲ့ အမေးစကားနဲ့ ဆရာကြီးရဲ့ ဖြေကြားချက်တွေကို ဒီစာအုပ်ထဲမှာ စိတ်ဝင်တစား ဖတ်ရှုကြရမှာပဲ ဖြစ်ပါတယ်ခင်ဗျ။ အောင်မြင်ရေးနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေ အပါအဝင် မိမိဘဝ တိုးတက်မြင့်မားရေးအတွက် အတွေးသစ် အမြင်သစ်တွေ ရရှိသွားစေမယ့် ဘဝတိုးတက်ရေးဆိုင်ရာ မေးမြန်းဖြေကြားမှုတွေ စတာတွေကို ဒီစာအုပ်ထဲမှာ တဝကြီး ဖတ်ရှုလို့ရမှာဖြစ်ပါတယ်။ ဒါကြောင့် စာချစ်သူတို့လည်း ဘဝအောင်မြင်ရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်တစားရှိတယ်ဆိုရင် ဒီစာအုပ်လေးကို ဖတ်ကြည့်လိုက်ပါဦးနော်။