ကင္မရာ

ကျော်မျိုးနိုင်

400 Kyats ကျပ်
ကင်မရာကောင်းကောင်းတစ်လုံး ပိုင်ဆိုင်ချင်တဲ့ အိပ်မက်တွေနဲ့ မင်းသူတစ်ယောက်၊ သူ့အိပ်မက်တွေက လက်တွေ့ဖြစ်လာခဲ့ပြီမို့ အပျော်ကြီး ပျော်နေခဲ့တယ်။ Canon EOS 5D Mark IV ကင်မရာ တစ်လုံးကို သူ ဝယ်နိုင်ခဲ့ပြီပဲ။ ချစ်သူတစ်ယောက်ကို ပထမဆုံး ပိုင်ဆိုင်ရသူလို သူ ရင်ခုန်စိတ်လှုပ်ရှားနေတယ်။ ကင်မရာ သွားဝယ်တုန်းကဆို စိတ်လှုပ်ရှားလွန်းလို့ ခြေတုန်လက်တုန်ရုံတင်မကဘဲ ဇောချွေးတွေပါပြန်နေခဲ့တာ။ အိပ်လည်း ကင်မရာ၊ စားလည်း ကင်မရာ၊ ကင်မရာ ရလာတော့လည်း မြင်မြင်သမျှ ပတ်ဝန်းကျင်ရှုခင်းတွေကို တဖျပ်ဖျပ် ရိုက်နေလိုက်တာမှ မမောနိုင်အောင်ပဲ။ ကံကောင်းချင်တော့ သူရိုက်တဲ့ ဓာတ်ပုံတချို့ကို နိုင်ငံတကာ ဓာတ်ပုံပြပွဲမှာ ပြသဖို့ အရွေးခံလိုက်ရတယ်။ မင်းသူအတွက်တော့ သိန်းတစ်သောင်းထီ ပေါက်သူလို ဝမ်းသာလုံးဆို့စရာပါပဲ။ ဒီနောက်မှာတော့ ကင်မရာနဲ့ ပတ်သက်ပြီး မင်းသူဘဝမှာ ထူးခြားဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်လာခဲ့တယ်။ ဘယ်လို ဖြစ်စဉ်တွေလည်းဆိုတာ ကြိုပြောပြလိုက်ရင် ဖတ်ရတာ ပေါ့သွားမှာစိုးလို့ ဇာတ်လမ်းကို ကိုယ့်ဘာသာ ဖတ်ကြည့်ဖို့ပဲ တိုက်တွန်းလိုက်ပါရစေနော်။ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ် ဆိုတာတော့ အသေအချာပါပဲ။