ပုံပြင်ထဲမှာ လိပ်ကနိုင်တယ်

ကျော်မင်းနိုင်

600 Kyats ကျပ်
[ သေနတ်သံ။ တောင်ကြောပေါ်မှ သေနတ်သံ။ စူးရှသည်။ မြည်ဟိန်းသည်။ ချောက်ချားဖွယ်ကောင်းသည်။ ထိတ်လန့်ဖွယ်ရှိသည်။ နောက်တစ်ချက်ဆင့်၍ ကြားရပြန်သည်။ စောစောကထက် စူးရှသည်။ မြည်ဟိန်းသည်။ အခြေအနေကို တွက်ဆရလျှင် တစထက်တစ သေနတ်သမားသည် မိမိတို့နှင့်နီးလာပြီဟု နားလည်ရ မည်။ သူ …. ဝဏ္ဏထွန်း ] အက်ရှင်ဆန်ဆန် ဝတ္ထုကောင်းကောင်းလေးမှ ဖတ်ချင်တယ် ဆိုရင်တော့ ဒီစာအုပ်လေးကို ညွှန်းချင်ပါတယ်။ ခက်ခဲ ရှုပ်ထွေးတဲ့ တောတောင်ရေမြေတွေရဲ့ သဘာဝနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဆင်စခန်းအကြောင်းတွေ။ ဘယ်လို အန္တရာယ်မျိုးကိုမှ မမှုတဲ့ ဝဏ္ဏထွန်းရဲ့ ဇာတ်လမ်းနဲ့ သူ အဖမ်းခံရတဲ့အခါ ဖမ်းခေါ်သွားတဲ့ အဖွဲ့ထဲက ကောင်မလေးတယောက်ကို စိတ်ဝင်စားသွားတဲ့ အခါမှာတော့ … အက်ရှင်နဲ့ အချစ်ကို ရောယှက်ထားတဲ့ ဒီစာအုပ်ကို စာချစ်သူတို့ ကြိုက်မှာ သေချာပါတယ်။