ကလင် ကလောင် ကလက်

ကျော်ထူး(ဟာသသရုပ်ဆောင်)

600 Kyats ကျပ်
ဟာသလူရွှင်တော် သရုပ်ဆောင် ဦးကျော်ထူးရဲ့ ဟာသစာပေလက်ရာ ဝတ္ထုရှည်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဦးကျော်ထူးဟာ သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ သူကျွမ်းကျင်ရာ ဟာသပညာတွေကို ပရိသတ်တွေဆီ တင်ဆက်ရုံနဲ့ အားမရဘဲ သူဝါသနာပါရာ စာပေအနုပညာနဲ့ပါ စာချစ်သူတွေရဲ့ ဟဒယနှလုံးကို ရွှင်ပြုံးစေပြန်တဲ့ လက်ရာတစ်အုပ်ပေါ့။ မရယ်ရမှာတော့ စိတ်မပူနဲ့ဗျို့။ ဒီဇာတ်လမ်းကို သရုပ်ဆောင် လူမင်းနဲ့ ခိုင်သင်းကြည်တို့တောင် ဗွီဒီယိုဇာတ်ကား ရိုက်ခဲ့ကြသေးတယ်။ ဘဝအရေးကြောင့်ဖြစ်ဖြစ်၊ အလုပ်ကြောင့်ဖြစ်ဖြစ်၊ မိသားစုကြောင့်ဖြစ်ဖြစ်၊ အချစ်ရေးကြောင့်ဖြစ်ဖြစ်၊ ဘာကြောင့်ပဲ စိတ်ညစ်ညစ်၊ ဒီစာအုပ်လေးကို ဖတ်ကြည့်၊ ကိုယ့်ဆရာတို့ တပြုံးပြုံး တရယ်ရယ်နဲ့ စိတ်အညစ်တွေ ပြေပျောက်သွားမှာပါနော်။