မဟာစစ်ခေါင်းဆောင်ကြီးများ

ကေကေ(မဟာဝိဇ္ဇာ)

600 Kyats ကျပ်
စစ္ပြဲ။ တရားသော စစ်၊ မတရားသော စစ်၊ နယ်မြေလုပွဲကြောင့် ဖြစ်တဲ့ စစ်၊ အာဏာအတွက် ဖြစ်တဲ့ စစ်၊ ဓမ္မအတွက် ဖြစ်တဲ့ စစ်၊ အဓမ္မကြောင့် ဖြစ်တဲ့ စစ်၊ စိုးမိုးလိုတဲ့ အတွက်ကြောင့် ဖြစ်တဲ့ စစ်၊ လွတ်လပ်လိုမှုအတွက် ဖြစ်တဲ့ စစ်၊ စတဲ့ စတဲ့ စစ်ပွဲများစွာဟာ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းမှာ ခေတ်အဆက်ဆက် ဖြစ်ပျက်ခဲ့ကြဖူးပါပြီ။ ဒီလို စစ်ပွဲတွေရဲ့ တပ်ဦးမှာ သေနင်္ဂဗျူဟာကြွယ်ဝစွာ၊ ရဲစွမ်းပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်ခေါင်းဆောင်တွေ များစွာ များစွာရှိကြပါတယ်။ ဒီစာအုပ်မှာ ဒီလို စစ်ခေါင်းဆောင်တွေရဲ့ အကြောင်း၊ စစ်ခေါင်းဆောင် တစ်ဦးချင်းစီရဲ့ အတ္ထုပ္ပတ္တိ၊ စစ်ပွဲသမိုင်းတွေကို စိတ်ဝင်စားဖွယ်ရာ ဖတ်ကြရမှာပါ။ ဆရာကေကေ (မဟာဝိဇ္ဇာ)က ခေတ်ပေါင်း (၁၃) ခေတ် ခွဲခြားထားသလို အဲဒီခေတ်တွေထဲက စစ်ခေါင်းဆောင်တွေရဲ့ အကြောင်းကို ပြည့်ပြည့်စုံစုံ သိရှိရမှာ ဖြစ်ပါတယ်။ ဆွန်ဇူး၊ အက်စီပီယို အာဖရီကေးနပ်၊ ပွန်ပေ၊ ဂျူးလိယက်ဆီဇာ၊ ဂျင်ဂျစ်ခန် … စတဲ့ စစ်ခေါင်းဆောင်ကြီးတွေအပါအဝင် စစ်ခေါင်းဆောင် အယောက် (၄၀) ကျော်အကြောင်း ဒီစာအုပ်မှာ ဖတ်ကြရမှာပါ။