အောင်မြင်ရှေ့ဆက် ဆယ်ကျော်သက် အလေ့အထ ၇ ချက်

ကောင်းသာ(မြန်မာပြန်)

800 Kyats ကျပ်
‘ပထမ ကျွန်ုပ်တို့၏ အလေ့အထများကို လုပ်ရမည်။ နောက်မှ ကျွန်ုပ်တို့၏ အလေ့အထများက ကျွန်ုပ်တို့ကို လုပ်ပါလိမ့်မည်’ ဆိုတဲ့ အင်္ဂလိပ်ကဗျာဆရာတစ်ဦးရဲ့ ဆောင်ပုဒ်အတိုင်းပါပဲ။ အလေ့အထတွေဟာ ကျွန်တော်တို့ရဲ့ ဘဝအတွက် တော်တော်လေးကို အရေးကြီးပါတယ်။ အလေ့အကျင့်ကနေ အလေ့အထအဖြစ် ပြောင်းလဲယူရမယ့်နေရာမှာ ဆယ်ကျော်သက်ဘဝအရွယ်ရဲ့ ပြုပြင်မှုက ထူးထူးခြားခြားကို အရေးပါပါတယ်။ ဆယ်ကျော်သက်အရွယ်ဆိုတာ ဘဝခရီးရဲ့ အစပဲ မဟုတ်ပါလားနော်။ မြင့်မြင့်မားမား စွမ်းဆောင်နိုင်တဲ့ ဆယ်ကျော်သက်တွေရဲ့ အလေ့အထကောင်း (၇) ရပ်ဟာ အောင်မြင်ထက်မြက် ပျော်ရွှင်တဲ့ ဆယ်ကျော်သက်တွေရဲ့ စရိုက်လက္ခဏာ (၇) ခုပဲ ဖြစ်ပါတယ်။ ဒီ (၇) ချက်ရဲ့ အသေးစိတ် ဖွင့်ဆိုချက်တွေကို ဒီစာအုပ်မှာ ဖတ်ကြရမှာပါ။ စိတ်ဝင်စားစရာကောင်းတယ်ဆိုတာထက် ပိုပါတယ်။ ဖတ်ကြည့်ပါ။ တွေးကြည့်ပါ။ ခံစားကြည့်ပါ စာချစ်သူတို့ရေ။ ဒီအချက်တွေက သင့်ဘဝကို တစ်နည်းတစ်ဖုံ ပြောင်းလဲသွားစေမှာ သေချာပါတယ်။