အသင်းအဖွဲ့ ခေါင်းဆောင်မှုပညာ

ကောင်းသာ(မြန်မာပြန်)

800 Kyats ကျပ်
အလုပ်တစ်ခု အောင်မြင်ဖို့အတွက် အသင်းအဖွဲ့နဲ့ လုပ်ဆောင်ရတဲ့ ကဏ္ဍတွေ များစွာ ရှိပါတယ်။ အသင်းအဖွဲ့မှာ နောက်လိုက်တွေကလည်း အရေးကြီးသလို သူတို့ကို ဦးဆောင်ရတဲ့ ခေါင်းဆောင်ရဲ့ ကဏ္ဍကလည်း အရေးကြီးသထက် ကြီးပါတယ်။ အသင်းအဖွဲ့ တစ်ခုမှာ အသင်းခေါင်းဆောင်အနေနဲ့ တာဝန်ယူမှု အရေးကြီးတာ နှစ်ခုကတော့ စီမံခန့်ခွဲခြင်းနဲ့ ခေါင်းဆောင်ခြင်းပါပဲ။ ဒီနှစ်ခုက တူသလိုလိုနဲ့ ကွဲပြားပါတယ်။ စီမံခန့်ခွဲခြင်းနဲ့ လုပ်ငန်းရဲ့ လည်ပတ်မှု၊ အားထုတ်မှုကို မောင်းနှင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ တွန်းအားတွေ လိုအပ်ပြန်ပါတယ်။ ဒီစာအုပ်မှာ သင့်ရဲ့ ခေါင်းဆောင်မှုအပိုင်း၊ စီမံခန့်ခွဲမှု အပိုင်းတွေကို အသင်းတစ်သင်းရဲ့ ဖွဲ့စည်းပုံတွေနဲ့တကွ စနစ်တကျ ရေးသားထားတာကို ဖတ်ကြရမှာပါ။