ဘာ့ကြောင့်များ စိုးရိမ်သောက ပွားနေရသလဲ

ကောင်းသာ(မြန်မာပြန်)

800 Kyats ကျပ်
ဒီစာအုပ်ဟာ ဘုန်းတော်ကြီး ဒေါက်တာကေ၊ သီရိဓမ္မနန္ဒရဲ့ WHY WORRY! ဆိုတဲ့ နိုင်ငံတကာမှာ နာမည်ကြီးစာအုပ် ဖြစ်ပါတယ်။ စိုးရိမ်သောကနဲ့ စိတ်ဖိစီးမှုတွေမရှိဘဲ ဘဝကို ဗုဒ္ဓ ဓမ္မရဲ့ သင်ကြားမှုတွေနဲ့ ချမ်းမြေ့စွာ နေထိုင်ရှင်သန်နိုင်ဖို့ လက်တွေ့ကျတဲ့ အကြံပြချက်တွေပါဝင်ပါတယ်။ ပျော်ရွှင်မှုက ကျွန်တော်တို့ လက်လှမ်းမီနိုင်တဲ့ နေရာမှာပဲရှိပါတယ်။ ဒါကို ကျွန်တော်တို့ကိုယ်တိုင်စွမ်းဆောင်ရမှာပါ။ ကိုယ့်ဘာသာကိုယ်ပြန်ကြည့်ပြီး ကောင်းမွန်တဲ့အခြေအတွေကို ဖန်တီးရမှာပါ။ စာအုပ်ရဲ့ရည်ရွက်ချက်ကတော့ ကိုယ့်ကိုယ်ကိုယ် စိုးရိမ်သောကကင်းပြီး ပျော်ရွှင်နေတဲ့ လူတစ်ဦးအနေနဲ့ ထွန်းပြောင်လာစေဖို့ပဲ ဖြစ်ပါတယ်။