အိပ်မက်အလွမ်း

ကောင်းသန့်

800 Kyats ကျပ်
ဒီဝတ္ထုရှည်ကတော့ စာရေးဆရာကောင်းသန့်ရဲ့ ဘဝမှတ်တိုင်တစ်ခုလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ဆရာကတော့ ဒီစာအုပ်ဟာ သူ့ရဲ့ ဘဝမှာ ပြင်းပြင်းရှရှ ခံစားပြီး ရှည်ရှည်လျားလျား ရေးခဲ့တဲ့ ရသဝတ္ထုရှည်တစ်ပုဒ် ဖြစ်တယ်လို့ ဆိုပါတယ်။ ( ၃ ) နှစ်နီးပါးကြာအောင် ရေးခဲ့ရတဲ့ ဒီဝတ္ထုဟာ ဆရာ့ရဲ့ ပထမဆုံး ပင်ကိုရေး လုံးချင်းရှည်ဝတ္ထုပဲ ဖြစ်ပါတယ်။ ဒီစာအုပ်နဲ့ပဲ ဆရာဟာ ၁၉၉၉ ခုနှစ် အမျိုးသားစာပေ ( ဝတ္ထုရှည် ) ဆုကို ရရှိခဲ့တာပါ။ ငယ်စဉ်ကတည်းက စာရေးဆရာဖြစ်ရမယ်လို့ ရည်မှန်းချက်ထားခဲ့တဲ့ လူငယ်တစ်ယောက်ရဲ့ အကြောင်းကို အပြိုင် လူငယ်ဇာတ်ဆောင်တွေနဲ့ ရေးဖွဲ့ထားတာဟာ၊ စာဖတ်သူအတွက် သိပ်ကို ဖတ်လို့ကောင်းသလို၊ ဝတ္ထုပြီးသွားတဲ့အခါမှာလည်း စိတ်ထဲမှာ ဘဝအတွက် အားမာန်တွေ ကျန်ရစ်စေခဲ့တဲ့အထိပါပဲ။ လူငယ်ဇာတ်ကောင်တွေကို အဓိက တင်ပြထားပြီး ဘဝရဲ့ လောကဓံ အနိမ့်အမြင့်ကို ရင်ဆိုင်ဖြတ်သန်းပုံ ၊ မိမိရဲ့ ရည်မှန်းချက်ကို အပျက်မခံဘဲ နောက်ဆုံးပန်းတိုင် ရောက်သည့်တိုင် ဇွဲလုံ့လဖြင့် ကြိုးစားတတ်တဲ့ စိတ်ဓာတ်တို့ကို မြင်တွေ့ရတဲ့အခါ ဒီဝတ္ထုကို စာချစ်သူတို့ မေ့နိုင်မှာ မဟုတ်တော့ပါဘူး။