ဘဝကို တစ်ကပြန်စကြရအောင်

ကောင်းသန့်

800 Kyats ကျပ်
တယ်လီဖုန်းသံ မြည်လိုက်ချိန်မှာ ဆရာကောင်းသန့်ဟာ ဖုန်းကို ကောက်ကိုင်လိုက်ပါလိမ့်မယ်။ တစ်ဖက်က စကားသံကို နားထောင်ပြီးနောက် ဆရာကောင်းသန့်ဟာ သူ့ရဲ့ ကျောင်းဆရာလေအတိုင်း စပြောပါလိမ့်မယ်။ တစ်ဖက်က ဆယ်ကျော်သက်ကောင်မလေး သို့မဟုတ် ကောင်လေးဟာ သို့ကလိုမျိုး ဆရာကောင်းသန့်နဲ့ အပြန်အလှန် စကားပြောပြီးနောက်မှာ သူ့အတွက် လိုအပ်နေတဲ့ အားပေးနှစ်သိမ့်မှု၊ ဖွေရှာနေတဲ့ အဖြေ၊ ဘဝအတွက် ခွန်အား စတာတွေကို ရသွားပြီ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဆရာကောင်းသန့်ဟာ လူငယ်တွေအပေါ် အင်မတန်စေတနာ ကြီးမားတဲ့ စာရေးဆရာတစ်ယောက်ပါ။ သုတ၊ ရသ စာပေမျိုးစုံကို ပြုစုရင်း လူငယ်တွေအတွက် အကျိုးပြုစာပေများစွာကိုလည်း ရေးသားနေသလို တစ်ဖက်ကလည်း လူငယ်တွေ အတွက် အခမဲ့အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနေပါတယ်။ သင်ဟာ အချစ်ရေးကြောင့် ဘဝကြီးတစ်ခုလုံး ဆုံးရှုံးနေသလို ခံစားနေရပါ သလား။ ဆရာကောင်းသန့်ဆီသာ ဖုန်းဆက်လိုက်ပါ။ သင်အတွက် လိုအပ်နေတဲ့ အရာကို ရရှိသွားပါလိမ့်မယ်။ အခုစာအုပ်ဟာလည်း သင့်လိုပဲ တစ်စုံတစ်ရာလိုအပ်နေသူတွေနဲ့ ဆရာကောင်းသန့်တို့ အပြန်အလှန်ဆွေးနွေးခဲ့မှုတွေ ပြန်လည်ဖော်ပြထားတာပါ။ တကယ်လို့ သင်ဟာ ဆရာကောင်းသန့်ဆီ ဖုန်းဆက်ဖို့ မဝံ့မရဲဖြစ်နေတယ် ဆိုရင်တောင် ဒီစာအုပ်ထဲမှာ သင်လိုအပ်နေတဲ့ တစ်စုံတစ်ရာကို ရနိုင်ကောင်းပါတယ်။