ကမ္ဘာကျော်များနှင့် တွေ့ဆုံခြင်း

ကောင်းသန့်

800 Kyats ကျပ်
ဒီစာအုပ်ကတော့ စာချစ်သူတို့ကို ကမ္ဘာကျော်တွေနဲ့ တွေ့ဆုံခွင့်ပေးမယ့် စာအုပ်ပါပဲ။ ထူးခြားတာကတော့ ဒီစာအုပ်ထဲက ကမ္ဘာကျော်တွေကို ပုံဖော်တဲ့အခါမှာ အင်တာဗျူးဆန်ဆန်၊ ကမ္ဘာကျော်တွေက ကိုယ့်ကို သူတို့အကြောင်း လာပြောပြနေဟန်၊ ဆန်းသစ်တဲ့ အရေးအသားပုံစံနဲ့ တင်ပြထားလို့ ဖတ်ရတာ နည်းနည်းမှ မပျင်းရပါဘူး။ အင်ဒရူးကာနက်ဂျီ၊ မိုက်ကယ်ဖာရာဒေး၊ မာရီကျူရီ၊ ဘာထရန်ရပ်ဆဲလ်၊ ဟင်နရီဒူးနန့်၊ သောမတ်စ်အက်ဒီဆင်၊ မာကိုနီ၊ ဂျက်လန်ဒန်၊ ဂျော့ဘားနတ်ရှော၊ လီယိုတော်စတွိုင်း၊ အဲဖရက်နိုဘယ်လ်၊ လူးဝစ်စ်ပတ်စ်ချာ၊ ဆမ်းမားဆက်မွန်၊ ဝီလျှံရှိတ်စပီးယား၊ လီယိုနာဒို ဒါဗင်ချီ၊ အယ်ဘတ်အိုင်စတိုင်း၊ ရာဘင်ဒြာနတ်တဂိုး၊ ကော့ပါးနီးကပ် စတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေအကြောင်းကို တစ်အုပ်တည်းမှာ ဖတ်ကြရမှာပါ။