ဗုဒ္ဓဝါဒအနှစ်သာရ ဓမ္မပဒ

ဦးသော်ဇင်

600 Kyats ကျပ်
နိကာယ်ငါးရပ်မှာ ခုဒ္ဒကနိကာယ် အပါအဝင်ဖြစ်တဲ့ ဓမ္မပဒ ပါဠိတော် ဆိုတာ စာအုပ်ငယ်လေး တစ်အုပ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စာအုပ်သာ ငယ်တာ၊ လူအမျိုးမျိုးတို့ရဲ့ စိတ်သဘော အမျိုးမျိုးအလိုက် ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တဲ့ တရားတော်ပေါင်းစုံ ပါရှိတာကြောင့် ‘an anthology of verse’ (တရားတော်ညွန့်ပေါင်းကျမ်း) လို့ သတ်မှတ်နိုင်ပါတယ်။ တရားရေအေးသဖွယ် ဖြစ်နေတာမို့ ဓမ္မပဒ ပါဠိတော်ဟာ အရှေ့နိုင်ငံ ဗုဒ္ဓဘာသာများအတွက် နေလိုလလို အလွန်ထင်ရှားပြီး အတိုင်းမသိ ကျေးဇူးများသလို အနောက်နိုင်ငံမှာလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကျော်လောက်က စလို့ တဖြည်းဖြည်း ထင်ရှားလာတဲ့ အပြင်၊ အခုဆို ဗုဒ္ဓဘာသာ ကျမ်းစာအုပ်တွေမှာ အထင်ရှားဆုံး၊ ဗုဒ္ဓဘာသာအတွက် အကျိုးအများဆုံး စာအုပ်တစ်အုပ် ဖြစ်နေပါပြီ။ ဒါကြောင့် ဗုဒ္ဓဘာသာကို လေ့လာချင်တယ်ဆို ဒီစာအုပ်ကလည်း မဖတ်မဖြစ် တစ်အုပ်ပါပဲလို့ ဆိုပါရစေ။