ကွန်ပျူတာဖြင့် ဂီတသံစဉ်များ ဖန်တီးခြင်း

ဦးဇော်လင်း

1000 Kyats ကျပ်
ကျွန်တော် ငယ်ငယ်တုန်းက MIXER ဆိုတာ မသိခင်တုန်းကပေါ့၊ ရေရေလည်လည်ကို ခေါင်းစားဖူးတယ်။ ငယ်ငယ်က ဂစ်တာလည်းတီးတော့ ရပ်ကွက် စတိတ်ရှိုးတွေဆို ကိုယ်က တီးချင်တာ၊ ဒါပေသိ ကိုယ်က (၇) တန်း (၈) တန်းလောက် ရှိသေးတာ။ အစ်ကိုတစ်ယောက်က ရပ်ကွက်ထဲ အပေါင်းအသင်းဆန့်တော့ သူက သတင်းစုံ သယ်လာတယ်။ ဘယ်နေ့ ဘယ်မှာ ပွဲရှိတယ်။ ဘယ်သူ တီးမယ်။ ဒီကောင် မစွံဘူး။ နင် ဝင်တီးရင်တောင် ရမယ်။ ဟုတ်ပြီ။ ကျွန်တော် ပြောချင်တာ ဒါ မဟုတ်သေးဘူး။ ဒီတော့ ကျွန်တော်က စိတ်ကူးယဉ်ကြည့်တယ်။ ကဲ ငါ ဝင်အုပ် (တီး) ပြီ ဆိုပါတော့၊ ငါ့ ဂစ်တာက ထွက်တဲ့ အသံကို ဘယ်လို ထိန်းချုပ်မလဲ၊ ဗြဲကနဲ ထွက်နေမှာလား။ ကိုယ် တီးတဲ့ အသံက တခြား တူရိယာတွေ အသံထက် ပိုကျယ်နေမှာလား။ ဒါမှမဟုတ် တိုးနေမှာလား။ Solo ဝင်ခါနီးမှ ကိုယ့် Volume ကို ကိုယ်ကျယ်ပြီး တီးရမှာတော့ သိတယ်။ ခေါင်းစားနေတာက အသံရောနှောမှုပဲ။ .... ဒီစာအုပ်ဟာ ဂီတကို လေ့လာနေသူတွေ၊ တခုထက် မကတဲ့ ဂီတသံစဉ်တွေကို ကိုယ်ပိုင် စိတ်ကူး စိတ်သန်းရှိသလောက် လွတ်လွတ်လပ်လပ် ဖန်တီးချင်သူတွေ အတွက် အပြည့်အဝ အထောက်အပံ့ ပေးပါတယ်။ ကွန်ပျူတာ ရှိရုံနဲ့ ကိုယ့် အိပ်မက်ထဲက ရောင်စုံ သံစဉ်တွေကို စိတ်ကြိုက် ဖန်တီး ဆော့ကစားနိုင်ဖို့၊ အဓိကကျတဲ့အရာ မှန်သမျှကို ဒီစာအုပ်ထဲမှာ ရှင်းလင်း ပေးထားပါတယ်ခင်ဗျ။