Guide to Internetworking

ဦးဇော်လင်း

1000 Kyats ကျပ်
မြန်မာပြည်ကနေ CCNA စာမေးပွဲတွေ ဖြေလို့ရပြီဆိုတော့ လူငယ်တွေအတွက် အရင်ကတည်းက ရေးပေးမယ်လို့ ကြံထားတဲ့ အဲဒီ CCNA နှင့် ပတ်သက်တဲ့ နည်းပညာ စာအုပ်ကို Roda to CCNA ဆိုပြီး အလျင်မီ ထုတ်ဝေခဲ့ပါတယ်။ သို့ပေသိ အဲ့ဒီစာအုပ်ကို ဖတ်ကြတဲ့ စာဖတ်ပရိသတ်တွေက စာအုပ်ပါ အကြောင်းအရာများကို သိပ် နားမလည်ကြဘူး။ ဘာလို့လည်း ဆိုတော့ CCNA မှာက Configuration နှင့် Theory ဆိုပြီး၂ ပိုင်း ရှိတာကလား။ ဒါကလည်း ကိုယ်က နားလည်အောင် ခွဲခြားပြတယ်လို့ မှတ်လည်း ရပါတယ်။ ထားပါတော့၊ အဲ့ဒီ Road to CCNA စာအုပ်က Configuration တွေချည်းပဲ။ ဒီတော့ ရုတ်တရက် သီအိုရီ မသိသေးတဲ့ သူက ဖတ်ရင် နားမလည်တော့ဘူး။ ဒါကြောင့် CCNA သင်ခန်းစာများနှင့် ပတ်သက်နေတဲ့ သီအိုရီတွေအကြောင်း ရေးထားတဲ့ စာအုပ်တစ်အုပ်လောက် ထပ်ထုတ်မှ ဖြစ်မယ် ဆိုပြီး ယခုစာအုပ် ဖြစ်လာတော့တာပါပဲ။