ကလေးနှင့်လူငယ်များအတွက် ဇာတ်တော်ကြီးဆယ်ဘွဲ့
ဦးသိန်းအောင်(မြန်မာစာ)
600 Kyats ကျပ်
မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့ ဇာတ်ကြီးဆယ်ဘွဲ့ကို ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီး နှစ်ပေါင်း ၉၃၀ အကြာမှာ ရှင်မဟာဗုဒ္ဓဃောသမထေရ်က သီရိလင်္ကာကျွန်းမှာ ပါဠိဘာသာနဲ့ အကျယ်ပြန်လည် ဖွင့်ဆိုတော်မူခဲ့ပါတယ်။ ဒီဖွင့်ဆိုချက်တွေဟာ သက္ကရာဇ် ၉၃၀ ကျော်မှာ အခြားပိဋကတ်တော်တွေနဲ့အတူ သထုံပြည်ကို ရောက်ရှိပြီး၊ ထိုကနေ အနော်ရထာမင်း သထုံကို အောင်နိုင်ပြီးနောက် မြန်မာပြည်မှာ သာသနာတော်နှင့်အတူ ပျံ့နှံ့ခဲ့ခြင်းဖြစ်ပါတယ်။
ဒီဇာတ်တော်တွေကို ခေတ်အဆက်ဆက် ရဟန်းပညာရှိ လူပညာရှိတွေက ပြန်လည်ဖွင့်ဆိုရေးသားစီရင်ခဲ့ပြီး အထင် ရှားဆုံးကတော့ မင်းပူးဆရာတော်ဦးသြဘာသ စီရင်တော်မှုတဲ့ “ဇာတ်ကြီးဆယ်ဘွဲ့” ပါပဲ။ ဒီဘက်ခေတ်မှာလည်း ဒီဖွင့်ဆို ချက်တွေကို ကိုးကားပြီး ခေတ်သုံးစကားပြေနဲ့ ရေးသားကြတာတွေ ရှိပါတယ်။ ထိုအထဲမှာမှ ဆရာဦးသိန်းအောင်(မြန်မာစာ) ရဲ့ ဇာတ်ကြီးဆယ်ဘွဲ့မှာတော့ တမူထူးခြားတဲ့ အချက်ကိုတွေ့ရ့ပါတယ်။ အဲဒါကတော့ ဆရာဟာ မြန်မာစာအထူးပြုပုဂ္ဂိုလ်မို့ သာမန်စာရေးဆရာများရဲ့ ရေးသားချက်ကဲ့သို့ မဟုတ်ဘဲ၊ ယနေ့ခေတ် လူငယ်လူရွယ် ကလေးငယ်တွေ မြန်မာစကားပြေနဲ့ ဝါကျဖွဲ့ထုံးကို လေ့လာဖို့အသင့်တော်ဆုံး ဥပမာဖြစ်နေတာပါပဲ။ ဒါကြောင့်ပဲ ဒီစာအုပ်ကို အထူးပြု ညွှန်းဆိုလိုက်ရပါတယ်။