စေတီတော်၊ ရုပ်ပွားတော် ဆရာတော်ကြီးများ

ဦးသန့်(လာဘ်မိုးစွေ)

500 Kyats ကျပ်
သဗ္ဗညုမြတ်စွာ ဘုရားရှင်ကို ရည်စူးပြီး၊ မြန်မာ့အနုပညာတို့နဲ့ ထုံမွှမ်းအပ်တဲ့ မြန်မာ ပြည်အရပ်ရပ်မှ သမိုင်းဝင် တန်ခိုးကြီးမား စေတီတော်များဖြစ်တဲ့ ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိသ စေတီ၊ ပရိဘောဂစေတီ အဆူဆူတို့ရဲ့ ရောင်စုံပုံတော်တွေ၊ ယခင်တုန်းက ဘုရားဒါယကာတို့ရဲ့ လေးစားဖွယ် အသွယ်သွယ် အထူးထူး တင့်တင်သပ္ပာယ်စွာ အနုပညာမြောက် ထုလုပ်ပူဇော်အပ်တဲ့ တန်ခိုးကြီးမား ရုပ်ပွားတော်တို့ရဲ့ ရောင်စုံပုံတော်တွေ။ ပဋိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒအရာမှာ ထင်ရှား ကျော်ကြားတဲ့ ကျေးဇူးရှင် ဆရာတော်ဘုရားကြီးတို့ရဲ့ ကြည်ညိုဖွယ် ရောင်စုံပုံတော်တွေ။ ကံကိုမြှင့် ကံကိုပွင့်စေတတ်တဲ့ ကောင်ကျိုးအဝဝ ရရှိဖို့၊ သိမ်မွေ့မြင့်မြတ်ပြီး နက်နဲကြီးကျယ်တဲ့ တရားဖြစ်ခြင်း၊ တန်ခိုးကြီး နတ်ဗြဟ္မာများ ရိုသေမြတ်နိုးတဲ့ တရားဖြစ်ခြင်း တို့ဖြင့် ထူးမြတ်တဲ့ ပဋ္ဌာန်းတရားတော်မြတ်ကြီး။ ဘေးဥပါဒ်အန္တရာယ် အသွယ်သွယ်ကို တားဆီးကာကွယ်နိုင် ပပျောက်စေနိုင်တဲ့ သုတ်၊ ပရိတ်တော်များ။ စီးပွားလာဘ်ရွှင်ပြီး အရာခပ်သိမ်း၊ ပြီးပြည့်စုံနိုင်သော နံနက်/နေ့/ည ရွတ်ဖတ်ရမည့် ဂါထာ တော်များ စသည်ဖြင့် ဖတ်ရှု ပူဖော်သူအတွက် ပစ္စုပ္ပန်ဘဝမှာ ကောင်းကျိုးဖြစ်ထွန်းစေမယ့် အရာတွေကို ဒီစာအုပ်ထဲကနေ ရယူလိုက်ပါ။