တရုတ်ဖြူလေယာဉ် ပစ်ချခဲ့စဉ်က

ဦးလှဝင်း(လေသူရဲတစ်ဦး)

600 Kyats ကျပ်
(၁၅၊ ၂၊ ၁၉၆၁) ရက်နေ့၊ မဲခေါင်စစ်ဆင်ရေး ကာလအတွင်းမှာ မြန်မာ့မြေပေါ် ကျူးကျော်ဝင်ရောက်ခဲ့တဲ့ တရုတ်ဖြူလေယာဉ်ကို ပစ်ချခဲ့စဉ်က အဖြစ်အပျက်တွေကို ပြန်လည်ပုံဖော်ရေးသားထားတဲ့ စာအုပ်ပါ။ အဲဒီတုန်းက မြန်မာသတင်းစာတွေအပြင် နိုင်ငံတကာသတင်းတွေမှာပါ ဒီအဖြစ်အပျက်ကို အကျယ်တဝင့် ဖော်ပြခဲ့ကြပါတယ်။ အဲဒီတိုက်ပွဲက သမိုင်းဝင် လေကြောင်းတိုက်ပွဲဖြစ်တဲ့အပြင်၊ မြန်မာ့လေကြောင်းတိုက်ပွဲတွေထဲမှာ တစ်ကြိမ်တိတိပဲ ဖြစ်ဖူးတဲ့ မြန်မာတို့ရဲ့ ဇာတိသွေး ဇာတိမာန် တက်ကြွစွာ တိုက်ပွဲဝင်ခဲ့တဲ့ လေကြောင်းတိုက်ပွဲအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ဖတ်ကြရမှာပါ။ ဒါ့အပြင် ဒီစာအုပ်က ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေတဲ့ မူဖြစ်ပြီး နောက်ထပ် လေကြောင်းတိုက်ပွဲ ဝတ္ထုတိုအသစ်တွေကိုပါ ထပ်မံထည့်သွင်းဖော်ပြထားပါတယ်။