နေ့စွဲ

ဦးဘုန်း(ဓာတု)မန္တလေး

800 Kyats ကျပ်
ဒီစာအုပ်ထဲမှာ လူငယ်တွေပဲ ဖတ်ဖတ်၊ လူကြီးတွေပဲ ဖတ်ဖတ်၊ နည်းနည်းဖတ်ပြီး များများ တွေးတောနိုင်မယ့် အတွေးရသ စာစုတွေ ပါဝင်ပါတယ်။ တကယ်တော့ ဒီစာအုပ်ဟာ ‘သတ္တိရှိတဲ့ မြက်ပင်များ’ ၊ ‘စွယ်တော်’ ၊ ‘ရဲရင့်နှင်းဆီ’ စတဲ့ စာအုပ် သုံးအုပ်ကို ပေါင်းစည်းထားတာပါ။ စာဖတ်သူအတွက် အကြိုက်ပဲပေါ့။ တအုပ်ထဲနဲ့ အနှစ်တွေချည်း ဖတ်ရမှာပါ။ ဦးဘုန်းဟာ စာများများ ဖတ်တယ်။ ပြီးရင် မှတ်စု ထုတ်တယ်။ စာရေးဆရာဘဝကို ခံယူတယ်။ စာဟောဆရာဘဝကို နှစ်သက်တယ်။ ဒီစာအုပ်ထဲမှာ သူ ဖြတ်သန်းတဲ့ နေ့စွဲတွေထဲက လူငယ်တွေနဲ့ ကြုံဆုံပြီး သူ ပြန်လည် မျှဝေဖြစ်ခဲ့တဲ့ မှတ်သားစရာတွေကို စုစည်းထားပါတယ်။ ဦးဘုန်း ပရိသတ်တိုင်း လုံးဝ လက်မလွှတ်သင့်ပါဘူး။ ခုမှ ဦးဘုန်းကို စ,ဖတ်မယ် ဆိုရင် ဒီစာအုပ်ကို စ,ကိုင်သင့်ပါတယ်။