သော့

ဦးဘုန်း(ဓာတု)မန္တလေး

800 Kyats ကျပ်
“သော့ခလောက် တခုကို ဖွင့်ဖို့ ပိတ်ဖို့ဆိုတာ အဲဒီသော့ခလောက်နဲ့ ကိုက်ညီတဲ့ သော့တံတချောင်း လိုပါတယ်။ သော့ခလောက် တခုဟာ ဘယ်သော့တံနဲ့မဆို ဖွင့်လို့ ပိတ်လို့ရတယ် ဆိုရင်တော့ အဲဒီ သော့ခလောက်ဟာ ပျက်နေပြီ ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ဘယ်သော့ခလောက်ကိုမဆို ဖွင့်လို့ရတဲ့ မာစတာကီးလို့ေ ခ်ါတဲ့ သော့တံမျိုး ရှိသေးတယ် ဆိုတာလည်း မမေ့ပါနဲ့။ လူငယ်တွေဟာ သော့ခလောက် တခုဆိုရင် ကိုယ်ဟာ ဘယ်လို သော့ခလောက်မျိုးလည်းလို့ ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ နောက်ပြီး လောကကကြီးမှာ မာစတာကီးတွေ အများကြီး ရှိတတ်တယ် ဆိုတာလည်း မမေ့ဖို့လိုပါတယ်” ဒါဟာ ဆရာဦးဘုန်းရဲ့ စာစုတွေထဲက လူငယ်တွေကို အတွေးအခေါ် တရပ် ထည့်သွင်းပေးတဲ့ သော့ဒသနလေးပါ။ ဆရာဟာ လူငယ်တွေနဲ့ အမြဲမပြတ် ထိတွေ့နေသူ တယောက်ပါ။ ဒါကြောင့် လူငယ်တွေအကြောင်းကို အတော်ကို အထာညက်နေသူ လို့ ဆိုရပါမယ်။ အဲ့ဒါကြောင့်ပဲ၊ ဒီစာစုထဲမှာ လူငယ်တွေနဲ့ ပတ်သက်ပြီး အကြောင်းအရာပေါင်းစုံကို ထမင်းဝိုင်း တဝိုင်းလို ရသစုံ ပြင်ဆင်ပေးပါတယ်။ ဒီအထဲမှာ လူငယ်တွေကို ကိုယ်စားပြုမှု၊ အချစ်ကို ရည်ရွယ်ထားတာတွေ၊ စိတ်ဓာတ်ခွန်အားကို တွန်းအားပေးတာမျိုး၊ အိမ်ထောင်မှုကို ရည်ညွှန်းတာ၊ လူ့အဖွဲ့အစည်းကို သရော်တာ၊ ခေတ်ကို မီးမောင်း ထိုးပြတာတွေ ပါ,ပါတယ်။ ဒီရသစုံတဲ့ ထမင်းဝိုင်းက လူငယ်တွေအတွက်တော့ သေချာပေါက် ဘဝအတွက် အဟာရတွေကို ဖြည့်ဆည်းပေးမှာပါ။