ပန်းသေနတ်

ဦးဘုန်း (ဓာတု) မန္တလေး

800 Kyats ကျပ်
ကျည်ဆန်မပါ ငြိမ်းချမ်းရေးတွေပါတဲ့ သေနတ်။ ကျည်ဆန်တွေက ပန်းပွင့်တွေ ဖြစ်နေစေချင်တဲ့သေနတ်။ ဒီစာအုပ်က သေနတ်သံတွေ မလိုလားပဲ ငြိမ်ချမ်းရေးကို လိုလားတဲ့ ဦးတည်ချက်ကို ဦးတည်ထားတာ။ အပေါ်ယံရှပ်ပြီး ဖတ်ဖို့မလွယ်သလို စာအုပ်ထဲမှာပါတဲ့ စကားစုတွေကလည်း ခေတ်ကို ထင်ဟပ်ပြသနေတာကြောင့် ဖတ်ရတာ အားရဖို့ကောင်းတယ်။ တစ်ပုဒ်ဖတ်ပြီး တစ်ခါတွေးမိတာပဲ။ လူတစ်ယောက်နဲ့တစ်ယောက် အမြင်မတူ၊ ဘဝမတူတာတွေ မြင်ရတယ်။ ကျောင်းဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေအတွက်လည်း လေ့လာစရာတွေ ပါသေးတယ်ဗျ။