တွင်း အတွေးစာစကား

ဦးဘုန်း(ဓာတု) မန္တလေး

800 Kyats ကျပ်
အပင်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားလို့ရတယ် ဒါဆိုအပင်ကြီးက ပေးဆပ်လိုက်တာလား ရယူလိုက်တာလား။ပေးဆပ်လိုက်တာပါ အပင်ကြီးကနေပူရင်လည်းသူဘဲခံ၊ မိုးရွာတော့လည်း လုံခြုံမှုပေးတယ် ၊ လေပြင်းတိုက်ခတ်တော့လည်း သူပဲ ကာကွယ်ပေးရတယ် နောက်ဆုံးအပင်ကြီးကို အားကိုးလို့မရတော့ဘူးဆို ငှက်တွေက ပြန်လှည့်ကြည့်ချင်မှကြည့်မှာ လုံခြုံမှုပေးချင်မှပေးမှာ ကာကွယ်ဖို့ဆိုတာကလည်းမဖြစ်နိုင်ပါဘူး။မိဘဆိုတာ အပင်ကြီးနဲ့တူပါတယ်။ မိဘတွေကလည်း ပေးဆပ်ရတာတွေကြီးပါဘဲ။ "စကားပုံရှိဖူးပါတယ် တစ်လုပ်စားဖူးသူ့ကျေးဇူးတဲ့" မိဘတွေကြွေးခဲ့တာက တစ်လုပ်မကပါဘူး။သူတို့ရဲ့ ကျေးဇူးကိုမဆပ်တက်ရင်တောင် မကန်းဖို့လည်း သတိထားရမယ်။ သူတို့ရဲ့ကျေးဇူးကိုအမြဲ သတိမရခဲ့ရင်တောင် သတိမမေ့လိုက်ပါနဲ့။ လောကကြီးထဲမှာ သံသရာလည်နေတာက အမှား နဲ့အမှန်။ ရရှိသွားတာက နောင်တ။ နောင်တ ဆိုတာ နောက်မှရတာပါ။ အမှားများစွာနဲ့ နောင်တတရားများနဲ့ ရှင်သန်နေထိုင်သူကို လူကြီး။ အမှားကို အမှားမှန်းမသိဘဲ အမှားကို အမှန်ထင်ပြီး အဲ့ဒီအမှားတွေနဲ့ ပျော်ရွှင်ကျေနပ်သူကို လူလတ်။ အမှားများကို မှားရန်အတွက် ကြိုးစားပမ်းစား လိုက်လံရှာဖွေသူကို လူငယ်။ ဒါကြောင့် စာဖတ်ပရိသတ်ကြီးလည်း မမှားသင့်တာကို မမှားရအောင်၊နောင်တလည်း နောက်မှ မရရအောင် ဦးဘုန်း(ဓါတု)မန္တလေးရဲ့ "တွင်း"အတွေးစကားစာအုပ်လေးကို ဖတ်ဖြစ်အောင်ဖတ်လိုက်ကြပါလို့ လမ်းညွန်လိုက်ရပါတယ်ရှင်။