ဘယ်တော့မှ ပြန်မလာချင်ပါနဲ့နော်နှင့် ဝတ္ထုတိုများ

ဦးခင်ဇော် (မရမ်းကုန်း)

300 Kyats ကျပ်
ဆရာဦးခင်ဇော်(မရမ်းကုန်း)ဟာ ထင်ရှားတဲ့ ဥပဒေပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့် သူရေးသားတဲ့ ဝတ္ထုတွေ အကြောင်းအရာတွေမှာ ဒီကနေ့ ဥပဒေလောကမှာ ကြုံတွေ့နေရတဲ့ မှုခင်းဖြစ်ရပ်တွေ၊ ဥပဒေအကြောင်းအရာ ဖြစ်ရပ်မှန်တွေကို အခြေခံရေးဖွဲ့လေးရှိပါတယ်။ ဆရာ့ရဲ့ ဝတ္ထုတိုလို့ ဆိုလိုက်တာနဲ့ သတ်လိုက်၊ ဖြတ်လိုက်၊ ထောင်ချလိုက်နဲ့ ဖြစ်ရပ်မှန် မှုခင်းဖြစ်ရပ်တွေကို ပြေးမြင်မိပါလေမယ့်။ ဒါပေမယ့် အခုဝတ္ထုတိုစာအုပ်မှာတော့ ဆရာ့ရဲ့ မတူကွဲပြားတဲ့ လက်ရာကို မြင်တွေ့ရမှာပါ။ ဆရာ့ရဲ့ ထုံးစံအတိုင်း ဝတ္ထု အကြောင်းအရာတွေဟာ ဖြစ်ရပ်မှန်ပေါ်မှာ အခြေခံထားတဲ့ ဆိုပေမယ့် ယခင်နဲ့ မတူဘဲ ဝတ္ထုတစ်ပုဒ်ချင်းစီတိုင်းက စာဖတ် သူကို ရသပေါင်းများစွာ မျှဝေခံစားမိစေမှာပါ။ စာရေးသူကိုယ်တိုင်ကတော့ ဒီဝတ္ထုတိုစုစည်းမှုဟာ ထူးခြားတယ်လို့ ဖော်ညွှန်း ထားပါတယ်။