ပြုံးတော်မူ

အကြည်တော်

1000 Kyats ကျပ်
ဒီစာအုပ်ကတော့ လုံးချင်းဝတ္ထုရှည်မဟုတ်ဘဲ ဆရာအကြည်တော်ရဲ့ လက်ရာ၊ အထေ့အငေါ့နဲ့ သရော်စာဆန်ဆန် ဝတ္ထုတို၊ ဝတ္ထုလတ်တွေကို စုစည်းထားတဲ့ စာအုပ်လေးပါ။ ဆရာအကြည်တော်ရဲ့ ပရိသတ်တွေဆိုရင် ဒီစာအုပ်က လက်မလွှတ်ဘဲ ဖတ်ဖြစ်သင့်တဲ့ စာအုပ်လေးလို့ ဆိုချင်ပါတယ်။ ပွဲစားလောကရဲ့ သရုပ်ကို စာဖတ်ရင်း ကွက်ကွက်ကွင်းကွင်း မြင်မိအောင် ရေးထားတဲ့ ‘ဆယ်ပြားအောင်မြင့်’ ၊ စာနယ်ဇင်းလောကမှာ သူကြီးလို့ ခေါ်ကြတဲ့ နာမည်ကျော် စာနယ်ဇင်းဆရာကြီး ဦးမြတ်ခိုင်ရဲ့ လူသိနည်းတဲ့ စရိုက်သဘာဝတွေကို ဟာသနှောတင်ဆက်ထားတဲ့ ‘သူကြီးလက်စွပ်’ ၊ ယနေ့ ဝတ္ထုလောက ရေစီးကြောင်းထဲက ဖြစ်ပေါ်မှုကို သာသာနဲ့ နာနာလေး တွယ်ပြီး သရော်ရေးသားထားတဲ့ ‘ရှဲ’ ၊ ဒါ့အပြင် … တွေးစရာတွေ တသီတတန်း ကျန်ရစ်စေမယ့် ‘ပြုံးတော်မူ’ အပါအဝင်၊ ‘ခုန်’ ‘နာရေး’ စတဲ့ ဝတ္ထုတိုတွေက စာဖတ်သူကို ဘဝင်ခိုက်စေမယ့် ဟာသ သရော်စာ လက်ရာကောင်းတွေပဲ ဖြစ်ပါတယ်။