ဆွေတစ်ရာ မောင်တစ်ကြိတ်

အကြည်တော်

1000 Kyats ကျပ်
ရေးပဲ ရေးတတ်၊ တွေးပဲ တွေးတတ်၊ ဟာသမြောက်အောင်ပဲ ဖွဲ့နိုင်တတ်လွန်းတယ်လို့ ဆိုရမယ်။ ဒါပေမယ့် ဒီဝတ္ထုဖတ် လိုက်တာမှ တစ်ခါတည်းကို ရယ်ရင်း ရယ်ရင်းနဲ့ နောက်ဆုံးမှာ ငိုချင်လာတယ်။ တကယ်ပြောတာပါ။ ဇာတ်လမ်းကလည်း အိမ်ထောင်ရှင်တစ်ရာရှိရင် အယောက်တစ်ထောင်လောက် ကြုံနေ၊ ကြုံဖူး၊ ကြုံကြရမယ့် ကိစ္စလေ။ “ဆွေတစ်ရာ မောင်တစ်ကျိတ်” တဲ့။ ဘယ်လိုတွေ ဒုက္ခပေးတယ်ဆိုတာတော့ ပြောမယုံ ဖတ်ဖူးမှ သိလိမ့်မယ်။ အဲ ... ၊ ကြုံဖူးရင်လည်း သိကြပါလိမ့်မယ်။ အဲဒါကြောင့် ပြောတာပါ။ ဖတ်ရင်း ရယ်ရင်းနဲ့ နောက်ဆုံးတော့ ငိုပါ ငိုချင်လာတယ်လို့။ ဒါကြောင့် ဆရာအကြည်တော်ရဲ့ ထိုသို့ ဇာတ်မဟာ ကြုံနေကြ အကြောင်းတကာကြီးကို ဖတ်ကြည့်ကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ကြုံနေကြ အကြောင်းတကာဆိုပေမယ့် ဟက်ထိလွန်းတဲ့ ဇာတ်မဟာကြီးမို့ စိတ်သိပ်မခိုင်တဲ့ အိမ်ထောင်ရှင်များတော့ အရင်ဆုံး တရားလေးမှတ်ပြီး စိတ်ငြိမ်သက်မှဖတ်ဖို့ အကြံပေးပါရစေ။ နို့မဟုတ်ရင် တုတ်တပြက် ဓားတပြက်တွေနဲ့ ဟာသဇာတ်ကနေ လူကြမ်းတွေ ကြမ်းရင်ကြိုက်သလားဆိုကာ လွမ်းခန်းတွေ ရောက်သွားမှာစိုးလို့ပါ။