လွအုုိးကြဲ

အကြည်တော်

1000 Kyats ကျပ်
လှအိုးကွဲဆိုတာ တော်ရုံတန်ရုံ လှအိုးကွဲတာ မဟုတ်ဘူးနော်။ ဆရာအကြည်တော်စကားနဲ့ ပြောရရင်တော့ ခြေသလုံး ထွားတယ်။ အယ်လဲ့ ... ၊ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ အချိုးအဆစ်ကလည်း စုံတယ်။ လူကောင်ထွားတယ်၊ ကိုယ်လုံးပြားတယ်၊ ခြေသလုံးကြီးတယ်၊ ရင်သေးတယ်၊ နဖူးမောက်တယ်၊ ဆံတောက်ထားတယ်၊ အသံပြဲတယ်၊ လူကစွာတယ်။ ဘုရားစူးရပါစေရဲ့။ သို့ကလိုမျိုးကို သောက်ကျိုးနည်း လှအိုးကွဲတာ။ ဘယ်သူလည်းဆိုတော့ ရွာသိမ်သေးနုတ် မြို့ဝေးဇနပုဒ်က မိသိန်းအေးတဲ့။ ဒီဇာတ်လမ်းက ဆရာအကြည်တော်ရဲ့ ကိုယ်တွေ့များလားလို့တောင် သံသယဖြစ်မိတယ်။ ဖြစ်လည်း ဖြစ်နိုင်လောက်တယ်။ စာနဲ့ လူနဲ့ စပ်ဟပ်သာကြည့်ကြ။ တကယ်ပြောတာ အဟပ်မိပုံများက အကြည်တော် အစစ်တောင် အဲဒီထဲက ဇာတ်ကောင်လောက် အကြည်တော်မစစ်ဘူး။ ဒါကြောင့် ပြောတာပေါ့။ တကယ့်ကို သောက်ကျိုးနည်း မြင်မြင်သမျှ စိတ်ပျက်အောင်လှပါတဲ့ လှအိုးကွဲ မိသိန်းအေးကို အကြည်တော်အစစ်တောင် သူ့လောက်မစစ်တဲ့ ဇာတ်ကောင်က ဘယ်သို့ဘယ်လို ကော်မယ်ထင်ပြီး ဂေါ်ပုံတွေပေါ့။ ဖတ်သာကြည့်ကြဗျို့။