မိတ္တ ဟဒယ ဟာသတက်ကျမ်း

အကြည်တော်

1000 Kyats ကျပ်
မိတ္တဆိုတာက ပေါင်းသင်းဆက်ဆံခြင်း၊ ဟဒယဆိုတာက စိတ်နှလုံး ချမ်းမြေ့သာယာခြင်း၊ အဲ .. ဟာသ ဆိုတာကတော့ ရယ်ရတာပေါ့ဗျာ။ ဒီတော့ မိတ္တ ဟဒယ ဟာသ တက်ကျမ်း လို့ ဆရာအကြည်တော်က ဆိုလာလေတော့ ခပ်လွဲလွဲ အနက်ကောက်ရရင် ရယ်မောပျော်ရွှင် စိတ်နှလုံးချမ်းမြေ့သာယာစွာ ပေါင်းသင်းဆက်ဆံမှုကို တည်ဆောက်ခြင်း တက်ကျမ်းကြီး လို့ ဆိုရမယ်။ အဲ … ဒါပေမယ့် တက်ကျမ်းကြီးဆိုလို့ တွန့်ခနဲ၊ ရွံ့ခနဲတော့ ဖြစ်မသွားနဲ့အုံးနော်။ သိတယ်မဟုတ်လား၊ အကြည်တော် လေဗျာ။ ဒီတော့ ဖတ်ရင်းနဲ့ တွေး၊ တွေးရင်းနဲ့ ဟား … တဝါးဝါးပွဲကျရမယ့် အရေးအသားတွေနဲ့ဆိုတာ ပြောစရာမလိုဘူးပေါ့။ ဆရာအကြည်တော်ကတော့ ဒီလိုညွှန်းတယ်ဗျ။ “ဟာသစိတ်သည် ဘဝကို တိုးပွားနိုင်သော နည်းလမ်းဖြစ်သည်။ ရယ်မောသံသည် နှလုံးခုန်သံပင် ဖြစ်၏။ လူအားလုံး မျှဝေခံစားနိုင်သော နွေးထွေးမှု ဖြစ်၏။ ရယ်မောခြင်းသည် ရှေ့သို့ တိုးတက်စေရန် ဦးဆောင်သည်” တဲ့။ ဒီတော့ မြန်စွာမသွေ ရယ်ကြကုန်လေသတည်းပေါ့ဗျာ … ။