ဘီလူး

အကြည်တော်

1000 Kyats ကျပ်
ကဲ … ဘီလူးဆို အကြည်တော်၊ အကြည်တော်ဆို ဘီလူး … အဲ့ .. အကြည်တော်ကို ဘီလူးကြီးလို့ ပြောတာ မဟုတ်ပါဘူးနော်။ တလွဲမထင်ပါနဲ့ဦး။ ‘ဘီလူး’ ဆိုရင် အကြည်တော်ရဲ့ ဟာသလက်ရာလို့ စွဲပြီး မှတ်မိနေလောက်အောင် နာမည်ပေါက်သွားတဲ့ ဝတ္ထုဖြစ်နေလို့ပါပဲ။ ရုပ်ရှင်ကားကြီးအဖြစ်လည်း ရိုက်ခဲ့သေးတယ်မလား၊ ဗေလုဝကို မှတ်မိမှာပေါ့လေ။ ဘီလူးကို စာဖတ်သူ ဝန်ဇင်းပရိသတ်ကြီး တော်တော်များများလည်း ဖတ်ဖူးကြမှာပါ။ ဒါပေမဲ့ ဖတ်ပြီးရင်လည်း ပြန်ဖတ် ၊ မရိုးဘူးဗျ ၊ ဖတ်တိုင်း ရယ်နေရတုန်းပဲ။ ဘီလူးလှဦး ဆို မှတ်မိမယ်မလား၊ မမှတ်မိရင် ပြန်ဖတ်ဗျာ၊ စနေတနင်္ဂနွေ ရက်တွေကို ပျော်ပျော်ပါးပါးပဲ ဖြတ်သန်းရအောင်။ ဘီလူးလှဦးရဲ့ ဗရုတ်သုတ်ခ လုပ်ရပ်တွေကို ပြန်ကြည့်လိုက်ရအောင်။