တစ်ခါက ငယ်ငယ်လေးတွေ

အကြည်တော်

1000 Kyats ကျပ်
တစ်ခါက ငယ်ငယ်ကလေးတွေဆိုတော့ ကြီးကြီးတွေ မဟုတ်ဘူးပေါ့လို့ ပြောရပါလိမ့်မယ်။ ဒါပေမယ့် ဆရာအကြည်တော်ရဲ့ တစ်ခါက “လူ” ငယ်ငယ်ကလေးတွေ အကြောင်းဟာ ရယ်စရာ ဟာသဝတ္ထု တစ်ပုဒ်ထက်ကိုပိုတဲ့ ခပ်ကြီးကြီး “လူ” တွေကို မြင်ယောင်စေတဲ့အထိ လက်ရာမြောက် ဇာတ်လမ်းတစ်ပုဒ်လို့ ပြောရပါလိမ့်မယ်။ ယခုလူငယ် နောင်ဝယ်လူကြီးလို့ ဆိုကြပါတယ်။ ဒီတော့ လူကြီးဖြစ်လာမယ့် လူငယ်ငယ်ကလေးတွေရဲ့ ဟာသမြောက်တဲ့ အပြုအမှုအဖုံဖုံဟာ တွေ့မြင်နေကြရတဲ့ လူကြီးတွေရဲ့ စရိုက်သဘာဝကို ထင်ဟပ်နေတာက သိပ်မဆန်းဘူးလို့ ပြောရင်လည်း ရပါလိမ့်မယ်။ ဒါကိုပဲ ဟာသအ တတ်ပညာနဲ့ အသက်သွင်း၊ တစ်ဖက်နဲ့တစ်ဖက် အုပ်စုဖွဲ့ကြရင်း ဘုန်းကြီးကျောင်းက ငှက်ပျောသီးခိုးမှုကြီး တစ်ရပ်ကို အစပြု လို့ သရုပ်ပေါ်အောင် ရေးဖွဲ့ထားတာပါ။ ဒီစာအုပ်ဟာ ရယ်လည်းရယ်ရ၊ အတွေးတချို့ကိုလည်း ပေးနိုင်တဲ့ ဝတ္ထုကောင်းတစ်ပုဒ်ပါပဲ။