စွယ်စုံလက်ဆောင်

အကြည်တော်

1000 Kyats ကျပ်
စာဖတ်သူများ သိကြတဲ့ စာပေစာနယ်ဇင်းလောကထဲက ကလောင်ရှင်တွေ ဘယ်နှစ်ယောက်လောက် ရှိပါသလဲ။ လျှပ်တပြက် မြတ်ခိုင်၊ အောင်သျှံဝိုင်း (ကျိုက်မရော)၊ ကျော်သီဟ (ဟင်္သာတ)၊ လွမ်းဝေနိုင်၊ စတိုင်သစ် အောင်စိုးသူ၊ ပဉ္စမံဒီရိုင်း၊ သျှီသူအောင်၊ မျိုးကိုမျိုး စသည် စသည်ဖြင့်ပေါ့။ အဲ … ဒီအထဲမှာ အကြည်တော်ဆိုသူလည်းပါမှာပဲ။ အဲဒီစာပေ စာနယ်ဇင်းအကျော်အမော် … လူအမြင်အလယ်မှာ ဆရာဆရာ့ကျသူများ ဆိုတာတွေရဲ့ ကာရာအိုကေအခန်းတစ်ခန်း အတွင်းမှာ ဘယ်လိုစရိုက်တွေနဲ့ ပွေ့ဟဲ့ ဖက်ဟဲ့ ဆိုဟဲ့ မြူးဟဲ့ဆိုတဲ့ အတွင်းသဘောလေးတွေကို သိချင်ရင်ဖြင့် ဒီ “စွယ်စုံ လက်ဆောင်”ကိုသာ ဖတ်ကြည့်ကြဖို့ ညွှန်းပါရစေ။ ကိုယ်တိုင်ပါဝင်သူ အကြည်တော် ကလောင်ပိုင်ရှင် အစစ်အမှန်ကိုယ်တိုင် ပြန်ဖော်ထုတ်ထားတဲ့ မဟုတ်တရုတ် လုပ်ကြကြောင်းတွေမို့ ဆရာ့ဆရာများရဲ့ အိမ်သူသက်ထားများဖြင့်တော့ ဒီစာအုပ်ကို မဖတ်ဖြစ်ကြဖို့ ဆုတောင်းရမှာပါပဲ။ စာဖတ်သူများကတော့ မျက်စိလည်လမ်းမှားပြီ ဒီဆရာတွေနဲ့များတွေ့ရင် ပြန်ပြန်တွေးပြီး ကျိတ်ပြုံးကြည့်နိုင်ဖို့ ဒီစာအုပ်ကို မဖတ်မဖြစ် ဖတ်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။