ကဝေပျို၏နိဒါန်း

အကြည်တော်

1000 Kyats ကျပ်
မိုးကတော့ မစဲသေးပါဘူး။ ‘သယ် … ငါဟဲ့’ အစချီ တိုင်ဖုန်းကြားက ငါအဆင်း အပေါ်မရောက် အောက်မရောက် ကန့်လန့်နေရာမှ စင်ရှေ့ဝေ့ကြည့်လိုက်တော့ အကောင်းစား တရုတ်မိုးကာခြုံထားတဲ့ ပတ်ဝိုင်း၊ ကျွပ်ကျွပ်အိတ် အစွပ်ခံထားရတဲ့ ပတ်မ၊ လူဆိုတာ ဝေလာမှ ဝေးရော … ။ မိုးကတော့ မစဲသေးပါဘူး။ ပတ်သံမကြား ဗုံသံမကြား။ ဘယ်အချိန်က ပွဲပြီးသွားမှန်းမသိခင် ကြိုးရှည်ရှည်နဲ့ အလှန်ခံထားရတဲ့ ငါ … လေထဲမှာ ကားယားကြီးဖြစ်လို့ … ။ မိုးကတော့ သဲကြီးမဲကြီး ရွာကျနေတုန်း။