လသာတုန်းဗိုင်းငင်

အထောက်တော်လှအောင်

700 Kyats ကျပ်
...စားပွဲတစ်ဖက်ခြမ်းမှာ မျက်နှာချင်းဆိုင်ပြီး ထိုင်နေသော မိန်းမပျိုကို ကိုစတာဇင်နိုင်ကော်တီက ငေးကြည့်နေသည်။ မိန်းမပျိုက စကားကို အသက်မရှူဘဲ ခပ်သွက်သွက် ပြောနေသည်။ သူပြောသည့် အကြောင်းအရာများ လေးနက်စေရန်အတွက် မျက်နှာအမူအရာကိုလည်း လိုအပ်သလို ပြောင်းလဲသွားလေ့ရှိသည်။ သူ၏ တွေးမြင်ခန့်မှန်းချက်များကလည်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပါသည်။ သူမြင်ဖူးခဲ့သမျှ အမျိုးသမီးများထဲတွင် စိတ်ဆန္ဒအကြီးမားဆုံးသော အမျိုးသမီးကလေးတစ်ဦး ဖြစ်ကြောင်းကိုလည်း သူသိနေသည်။ ထိုအသိ ဝင်လာသည့်အတွက် သူ့ကိုယ်သူ ပြန်လည် အပြစ်တင်နေမိပြန်သည်။ “အန်ကယ် ကိုစတာ … ကျွန်မ ပြောနေတာတွေကို ကြားရဲ့လား”