တချို့က ကြီးမှ ကြိုက်တယ်

အဆွေတော်

600 Kyats ကျပ်
မြန်မာပြည်ရဲ့ အကြီးကျယ်ဆုံး ကုမ္ပဏီကြီးတွေထဲကမှ အကြီးကျယ် အခမ်းနားဆုံး ဖြိုးလုပ်ငန်းစု ပိုင်ရှင် ဦးတက်ဖြိုးရဲ့ တဦးထဲသော သား ဖြိုးမောင်မောင်။ မိဘကောင်းမှု အကြောင်းပြုပြီး ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဋ္ဌ နေရာမှာပေါ့။ အစစအရာရာ အဆင်သင့် လိုလေသေးမရှိ ပြည့်စုံပုံက၊ မျက်စိထဲ မြင်အောင် ပြောရရင် Fifty Shades of Grey ရုပ်ရှင်ထဲက ခရစ်ရှန်ဂရေး လိုမျိုးပဲ။ အံမယ်၊ ဇာတ်လမ်းက နည်းနည်းတော့ အထာကျသား။ ဖြိုးမောင်မောင်က တော်ရုံလူနဲ့ မတည့်ဘူး။ သူက စိတ်ကူး အရမ်းကောင်းတယ်။ စမတ်ကျတယ်။ အဲ့ … လာပြီ၊ နောက် အရေးကြီးတဲ့ ဇာတ်ကောင်က ‘မမမိမာ’ တဲ့။ ဖြိုးမောင်မောင်နဲ့ ဘဝ အခြေအနေက ဆန့်ကျင်ဘက်ပဲ။ Fifty Shades of Grey ထဲကလိုများ ဖြစ်မလား ရင်ခုန်စရာပဲနော့။