အမှောင်ထဲက မင်းသား

အိပ်မက်ကြယ်

600 Kyats ကျပ်
‘မင်းက ဒုရဲအုပ်ဆိုပြီး ငါ့ကို ကြောလို့ရမယ် မထင်နဲ့၊ ငါဆိုတဲ့ ပုံရိပ်ယောင်က ဘယ်သူ့မှ ဂရုစိုက်တတ်တာ မဟုတ်ဘူး။ အထူးသဖြင့် မင်းတို့လို ရဲတွေကိုပေါ့’ ဆိုတဲ့ အမှောင်ထဲက ဒုစရိုက်သမား ပုံရိပ်ယောင်။ ‘ပုံရိပ်ယောင် … မင်းက ငါ့ရဲ့ ပြိုင်ဘက်ကောင်းပဲ၊ ဒါပေမဲ့ မင်းမဟာ ဖမ်းလို့မမိတဲ့ ဒုစရိုက်သမားဆိုတာမရှိသေးပါဘူး။ မင်းလည်း ဒုစရိုက်သမားတစ်ယောက်ပဲလေ… နောက်ဆုံးမှာ မင်းလည်း ထောင်နန်းစံရမှာပဲ’ ဆိုတဲ့ ကြုံးဝါးသံနဲ့ ဒုရဲအုပ်မင်းမဟာ။ ‘ကိုကို့သူငယ်ချင်း ပုံရိပ်ယောင်ဆီမှာ ညီမလေးအတွက် ပိုက်ဆံတွေ အပ်ထားပေးပါတယ်။ ညီမလေးလိုအပ်တာတွေ အားလုံးကို သူပဲ လုပ်ပေးပါလိမ့်မယ်။ သူ့ကို အစ်ကိုအရင်းတစ်ယောက်လို သဘောထားနော်ညီမလေး။ သူ့မှာလည်း ကိုကိုနဲ့ ညီမလေးလိုပဲ မိဘတွေမရှိတော့ဘူး။ ဒါပေမဲ့ သူ့မိဘတွေက စည်းစိမ်ဥစ္စာ ချမ်းသာကြတယ်။ သူ့မိဘတွေ ကျန်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို သူက လုပ်ကိုင်နေရတာ ဆိုတော့ သူ အချိန်ပြည့်အားနိုင်မှာ မဟုတ်ဘူးညီမလေး’ ဆိုတဲ့ အမှာစကားနဲ့အတူ ညီမငယ်ဖြစ်သူကို သူငယ်ချင်းလက်ထဲအပ်ပြီး နိုင်ငံခြားထွက်သွားခဲ့တဲ့ မြေမဟာ။ ပုံရိပ်ယောင် ဆိုတဲ့ နာမည်အတိုင်းပဲ ပုံရိပ်တစ်ခုလို လှစ်ခနဲ ပေါ်လိုက်၊ ပျောက်သွားလိုက်နဲ့ ဒုစရိုက်လောက ကိစ္စအဝဝမှာ ဘုရင်တစ်ဆူဖြစ်နေတဲ့ ပုံရိပ်ယောင်ဟာ သူငယ်ချင်းရဲ့ ညီမလေးကို ညီမအရင်းလို စောင့်ရှောက်ရင်း ချစ်ခြင်းတွေ ရင်မှာရှိခဲ့ပေမဲ့ … လေရူးသုန်ဆိုတဲ့ ကောင်မလေးကို ချစ်နေသူတွေက ဝိုင်းဝိုင်းလည်၊ အဲဒီသူတွေထဲမှာ ဒုရဲအုပ် မင်းမဟာကလည်း တစ်ယောက်အပါအဝင်ဆိုတော့၊ အလင်းဘက်က မင်းသားနဲ့ အမှောင်ထဲက မင်းသားတို့ရဲ့ အားပြိုင်မှုတွေက စိတ်ဝင်စားစရာ။ ဒီဇာတ်လမ်းမှာ လေရူးသုန်ရဲ့ အချစ်ကို ဘယ်သူက ပိုင်နိုင်မလဲ၊ နိုင်ငံခြားထွက်သွားတယ်ဆိုတဲ့ မြေမဟာရဲ့ လျှို့ဝှက်ချက်က ဘာလဲ၊ ပုံရိပ်ယောင်ရဲ့ ဘဝက ဘယ်လိုကြောင့် ဒုစရိုက်သမားတစ်ယောက်အဖြစ် ရောက်ရှိခဲ့ရတာလဲ ဆိုတာတွေကို စိတ်ဝင်စားစရာ ဖတ်ကြရမယ့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် အချစ်အက်ရှင် ဝတ္ထုတစ်ပုဒ်ပဲ ဖြစ်ပါတယ်။