အချစ်၏ စေညွှန်ရာ

အိပ်မက်ကြယ်

600 Kyats ကျပ်
"မိန်းမတွေကသစ္စာမရှိဘူးဆိုတာ ငါ့တူယုံပြီမို့လား" သွေးရောင် ရဲ့ဦးလေးက သွေးကိုကြည့်ပြီးပြောလိုက်၏။ သူငယ်ချင်းတွေအားလုံးကလည်း သွေးရောင်ကိုကြည့်ပြီး မျက်နှာမကောင်းဖြစ်နေကြလေသည်။ သွေးရောင် ဦးမြင့်သူကိုမော့ကြည့်လိုက်ပြီး ... "ဟုတ်တယ် ဦးလေးပြောတာမှန်တယ် ... မိန်းမတွေအားလုံးက အတူတူပဲဘယ်သူမှသစ္စာမရှိကြဘူး၊ ဒါပေမယ့် သူကတော့ ကျွန်တော့်အပေါ်မှာ သစ္စာမဖောက်လောက်ဘူးလို့ ကျွန်တော်ယုံကြည်ခဲ့တယ် ... အဲ့ဒီလို ယုံကြည်ခဲ့မိတာကိုက ကျွန်တော့်အမှားပဲ ... မိန်းမတွေအားလုံးဟာ မယုံကြည်သင့်တဲ့လူတွေပဲ ... အဲ့ဒါကြောင့် ဒီနေ့ကစပြီး ဘယ်မိန်းမကိုမှ ကျွန်တော်မယုံကြည်တော့ဘူး ... ဘယ်မိန်းမတွေနဲ့မှလည်း ကျွန်တော်မပတ်သက်တော့ဘူး ... ဒီနေ့ မင်္ဂလာပွဲပျက်ရတဲ့အတွက် အဲ့ဒီ့မိန်းမကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး"