ရတနာသုံးပါးကို မြတ်နိုးသူ

အရှင်ဝိဇယာလင်္ကာရ

အခမဲ့
...(ရတနာ၏ အဓိပ္ပာယ်) မွေ့လျော်ခြင်းကို ဖြစ်စေတတ်သောကြောင့် “ရတနာ”ဟု ခေါ်၏။ ထို့အပြင် - ၁။ နှစ်သက်မြတ်နိုးခြင်းကို ဖြစ်စေတတ်သောကြောင့် “ရတနာ” ဟု ခေါ်၏။ ၂။ တန်ဖိုး ကြီးမားသောကြောင့် “ရတနာ” ဟု ခေါ်၏။ ၃။ အတူ မရှိသောကြောင့် “ရတနာ” ဟု ခေါ်၏။ ၄။ တွေ့ရမြင်ရဖို့ရန် ခဲယဉ်းသောကြောင့် “ရတနာ” ဟု ခေါ်၏။ ၅။ အထက်တန်း ပုဂ္ဂိုလ်တို့၏ အသုံးအဆောင် ဖြစ်သောကြောင့် “ရတနာ” ဟု ခေါ်၏။ (ပါရာဘာဋီ၊ ပ၊ ၁၃)