လောကဓံမုန်တိုင်းများ နှင့် ကြံ့ခိုင်သည့်စိတ်ထား

အရှင်နန္ဒမာလာဘိဝံသ(PH.D)

200 Kyats ကျပ်
တခါတလေ စိတ်ဓာတ်ကျတဲ့အခါတွေမှာ ဖြေသိမ့်ဖို့ရာ တရားဓမ္မတွေလည်း လိုအပ်ပါတယ်။ ဓမ္မနဲ့တွေ့တဲ့အခါ ပူနေတဲ့စိတ်တွေဟာ ငြိမ်းအေးသွားရသလို ကိုယ့်ကိုကိုယ်အပေါ်၊ လောကအပေါ် ပိုအကောင်းမြင်စေလာပါတယ်။ ဒါကြောင့် ဆရာတော် အရှင်နန္ဒမာလာဘိဝံသ ရေးတဲ့ ဒီစာအုပ်လေးကို ညွှန်းပေးဖြစ်တာပါ။ စာအုပ်နာမည်ကိုက "လောကဓံမုန်တိုင်းများနှင့် ကြံ့ခိုင်သည့်စိတ်ထား" တဲ့။ ဘယ်လောက် စိတ်တ်အားတက်စရာ ကောင်းလိုက်သလဲနော်။ လောကဓံ ဆိုတာ လောကဓမ္မ = လောကမှာကြုံတွေ့ရတဲ့ သဘာဝတရား လို့ အဓိပ္ပာယ်ရပါသတဲ့။ လာဘော အလာဘော၊ ယသော၊ အယာသော၊ နိန္ဒာ၊ ပသံသာ၊ သုခ၊ ဒုက္ခဆိုပြီး လောကဓံတရားရှစ်ပါး ရှိပါတယ်။ လောကဓံတရားတွေဟာ မြတ်စွာဘုရားရှင်တောင်မှ ရှောင်လွှဲလို့မရတာမို့ ကိုယ်တို့တွေဟာလည်း မလွဲမသွေကို ကြုံရမှာပါပဲ။ အဲသလို ကြုံလာတဲ့အခါ ဘယ်လိုစိတ်ထားတွေနဲ့ ရင်ဆိုင်မယ်၊ ဘယ်လိုခံယူချက်တွေနဲ့ ကျော်ဖြတ်မယ်ဆိုတာတွေကို လမ်းညွှန်ပေးထားတဲ့ စာအုပ်ကောင်းလေးတစ်အုပ်မို့ လက်မလွှတ်တမ်း ဖတ်ကြည့်စေချင်ပါတယ်။ - Recommended by ဝိုင်းစိန် - (Member of Wun Zinn Readers Club)