ဇော

ရောင်နီသက်လွင်

200 Kyats ကျပ်
မိုးသည်းသည်းရွာနေတဲ့ ညသန်းခေါင်မှာ … ဗိုက်နာလာတဲ့ နေ့စေ့လစေ့ ကိုယ်ဝန်သည် ဇနီးကို ဆေးရုံပို့ဖို့ ကြိုးစားတဲ့အခါ၊ အငြိုးတကြီးနဲ့ ကလဲ့စားချေဖို့ အချိန်အခါကောင်း စောင့်နေတဲ့ အစိမ်းသေဝိညာဉ်ဟာ ဆေးရုံသွားလို့မရအောင် နှောင့်ယှက်ဟန့်တားပါတော့တယ်။ ‘နင့်အလှည့်ရောက်ပြီ … နင့်မိန်းမရော နင့်ကလေးပါ သေစေရမယ်၊ ငါသေသလို သေစေရမယ်’ ဆိုတဲ့ ကြိမ်းဝါးသံနဲ့ အရိပ်မည်းကြီးက ဆေးရုံသွားရာ လမ်းတစ်လျှောက် တကောက်ကောက် လိုက်ပါလာတဲ့အခါမှာ … သေခြင်းတရားရဲ့ အခြားတစ်ဖက်မှာ အငြိုးအတေးတွေနဲ့အတူ ရန်တုံ့မူဖို့ စောင့်စားနေတဲ့ အစိမ်းသေဝိညာဉ်နဲ့ မထင်မှတ်ဘဲ ကိုယ့်ကြောင့် သူတစ်ပါး အသက်အန္တရာယ် ထိခိုက်သွားခဲ့ပေမဲ့ လှည့်မကြည့်ဘဲ လျစ်လျူရှုခဲ့မိသူ တစ်ဦးရဲ့ နောင်တအမှားတွေက စာဖတ်သူကို ဘယ်လိုမျိုး စိတ်လှုပ်ရှား ချောက်ချားဖို့ကောင်းတဲ့ ဇာတ်လမ်းမျိုး မြင်တွေ့ရစေမလဲ ဆိုတော့ … ။