လွဲမှားခြင်း အဆုံးသတ်တွင် - ဒုတိယတွဲ

အမ်နိုင်း(oasis)

200 Kyats ကျပ်
အချစ်တစ်ခုတည်းဖြင့် ရူးရူးမိုက်မိုက် ရှေ့ဆက်တိုးခဲ့လေသော သနားစရာ နွယ်ပင်တစ်ယောက် ခမျာမှာတော့ အငြိုးကြီးလှသော သက်ထားစံနှင့် တဏှာ ဘီလူးစီးနေသော ကာမသားကောင်များ အောက်မှာ သူ၏ ရင်သွေးလေး နှင့်အတူပင် ဘဝတစ်ခုလုံး ကြေမွပျက်စီး သွားခဲ့ချေပြီ။ ''မသက်ထား ဒီမိန်းကလေး သေသွားပြီထင်တယ် … အသက်မရှူတော့ဘူး … ဘယ်လိုလုပ်ရမလဲ … '' ''ဒီခြံရဲ့ အနောက်ဘက်မှာ ချောင်းရှိတယ် … နင်တို့တွေ အဲ့ကောင်မ အလောင်းကို သယ်သွားပြီး ချောင်းထဲ ပစ်ချခဲ့လိုက်ကြ … သေချာပိပိရိရိ ရှိကြပစေနော် ကြားလား … '' ‘‘ဟုတ်ကဲ့ စိတ်ချပါ မသက်ထား … '' '' ဟိုသတိမေ့နေတဲ့ ကောင်ကိုတော့ သေချာစောင့်ကြည့်ပြီး… မြို့သစ်ဘက်က ငါဝယ်ထားတဲ့ ခြံအသစ်မှာ လောလောဆယ် သွားထားလိုက် … နောက်မှ အခြေအနေကြည့်ပြီး … အဲ့ကောင်နဲ့ငါ စာရင်းရှင်းရမယ် …… ''