ဘမုတ်ဆိတ်နှင့် ဝတစ်လုံး ဆရာဆောင်

အမ်နိုင်း(oasis)

200 Kyats ကျပ်
မြဆောင်။ ထုံးအိုးကြီးရွာရဲ့ ငယ်မွေးခြံပေါက်၊ တစ်ရွာလုံးရဲ့ အော့ကြောလန် မြဆောင်။ ဆိုးလွန်းပေလွန်းတဲ့အပြင် ပင်ကျရည်လေးဝင်တာနဲ့ ရွာပတ်ဆဲတတ်တဲ့ မြဆောင်ကို ထုံးအိုးကြီး တစ်ရွာလုံးက မြွေမြဆောင်လို့ ခေါ်ကြတယ်။ ဘာလို့လဲဆိုရင် မြဆောင်က မုဆိုးအသေးစားကိုး။ တောထဲဝင်ပြီး အကောင်ပလောင်တွေ ပစ်ခတ်ဖမ်းဆီး အသက်မွေးတယ်။ အထူးသဖြင့် သူ ဖမ်းနေကျသတ္တဝါက မြွေ။ မြဆောင် မဖမ်းဖူးတဲ့ မြွေအမျိုးအစားက အတော်ရှားလိမ့်မယ်။ မြဆောင်က မြွေတွေဖမ်းပြီးရင် ရောင်းတန်ရောင်း၊ အရက်နဲ့ မြည်းတန်မြည်း။ လက်ရဲဇက်ရဲကလည်း ဘာရှိသလဲ မမေးနဲ့။ ထစ်ခနဲဆို ခုတ်ပြီး ထစ်ပြီး အရေခွံဆုတ်ပြီး ပါးပါးလှီးပြီးပြီပဲ။ ဒါကြောင့်လည်း မြွေမြဆောင်လို့ နာမည်တွင်တာပေါ့။ ဒါပေမဲ့ လူတစ်ယောက်က ဆိုးချိန်တန်လို့ ဆိုးနေပေမဲ့ ကောင်းချိန်တန်ရင်လည်း ကောင်းသွားတတ်တာပဲ။ ကောင်းဖို့ ဖြစ်လာစေမယ့် အခြေအနေမျိုး ကြုံလာရတာပဲ။ အဲဒါကတော့ မြွေဖမ်းကျွမ်းကျင်ပါတယ်ဆိုတဲ့ မြဆောင်တစ်ယောက် မြွေဖမ်းရင်း မြွေပေါက်ခံလိုက်ရတာကနေ စတာပဲ။ မြွေဆိပ်တက်ပြီး သေအံ့မူးမူးဖြစ်နေတဲ့ မြဆောင်ဆီ မုတ်ဆိတ်ထူထူ၊ စုတ်စုတ်ပြတ်ပြတ် အဘိုးအိုတစ်ယောက် ရောက်လာပြီး အသက်ကယ်ခဲ့ရာက စလို့ မြဆောင်ရဲ့ဘဝဟာ တစ်ဆစ်ချိုး ဘယ်လိုတွေ ပြောင်းလဲသွားမလဲ ဆိုတာကတော့ … ။