ဘမုတ်ဆိတ်နှင့် ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်

အမ်နိုင်း(oasis)

200 Kyats ကျပ်
‘ထူးလည်းထူးတယ် မြူးလည်းမြူးတယ် … တို့ကိုကြီးကျော်၊ အရက်သမားမှန်ရင်လေ … ယှဉ်ပြိုင်ကာ သောက်လိုက်ချင်တယ်၊ ကြက်သမားမှန်ရင်လေ … ယှဉ်ပြိုင်ကာ တိုက်လိုက်ချင်တယ် …’ ဆိုတဲ့ ကိုကြီးကျော်နတ်ချင်းကို အသံဝါကြီးနဲ့ အော်ဟစ်သီဆိုလို့၊ တိုက်ပုံရင်ကွဲနဲ့ ပုဆိုးကွက်တုံးကြီးကို ဝတ်ထားတဲ့ မုတ်ဆိတ်ထူလပျစ် အဘိုးအိုတစ်ယောက်။ တောင်ဝှေးကို ထမ်း၊ မြူးတူးအော်ဟစ်ရင်း ရွာတကာ ခြေဦးတည့်ရာ လျှောက်သွားနေတဲ့ သူ့နာမည်က ဘမုတ်ဆိတ်။ ဘမုတ်ဆိတ်တစ်ယောက် ဒီလို သီချင်းအော်ဆိုပြီး ရွာတစ်ရွာထဲဝင်လာချိန်၊ ရွာထိပ်မှာ ဒဏ်ရာရာပြီး လဲကျညည်းညူနေတဲ့ လူတစ်ယောက်ကို တွေ့လိုက်တယ်။ ဒါနဲ့ပဲ ဘမုတ်ဆိတ်လည်း ဒုက္ခရောက်သူကို ကူညီဖို့ ဒဏ်ရာရနေသူအနား ရောက်သွားတယ်။ ခြေထောက်မှာ ငုတ်စူးပြီး သွေးထွက်လွန်နေတဲ့ လူငယ်က ဘမုတ်ဆိတ်ကိုလည်း မြင်ရော၊ ကူညီမယ့်သူတွေ့ပြီဆိုပြီး စိတ်လျှော့လိုက်ပုံရတယ်။ သတိလစ်မေ့မျောသွားတော့တယ်။ ဒီလူငယ်ကို ဘမုတ်ဆိတ် ဘယ်လို ကူညီကယ်တင်မလဲ၊ လူငယ်ကရော ဘယ်လိုအကြောင်းကြောင့် ဒုက္ခရောက်နေတာလဲ၊ ကံတရားက လူငယ်ကို ဘယ်လို အဆုံးအဖြတ်ပေးမလဲဆိုတာကတော့ …